Tuesday 25 October 2011

နယ်ရဲ့နယ်

ကျွန်တော်က ပွန်းနံပါတ် ရှစ်ပါ။ ခြေမြန်တပ်ဖွဲ့ကလေ။ ဟုတ်ကဲ့။ မဟူရာတိုင်းနိုင်ငံရဲ့ ခြေမြန်တပ်ဖွဲ့ကပါ။ အင်း... ပြောရရင်တော့ဗျာ။ ခြေမြန်တပ်ဖွဲ့သာဆိုရတာပါ။ ကျွန်တော်တို့တပ်ဖွဲ့တွေကတော့ ထွက်စက ပဲ မြန်ပါတယ်။ လွယ်လည်းလွယ်တယ်လေ။ အဲ... နောက်ပိုင်းကျတော့ ပုံမှန်နှုန်းနဲ့ပဲ ထွက်နိုင်ပါတယ်။ ပိုလျင်ပြီး အထွက်မြန်လို့လည်း မရပါဘူး။ ပိုသွက်လို့လည်း မရပါဘူး။ ဒါ 'စည်း' ပါ။ 'အမိန့်'။ 'အမိန့်' တော့ မဟုတ် ဘူးခင်ဗျ၊ 'စည်း'ပါ။

အဲဒါ ခင်ဗျားကို ပြောမလို့ပဲဗျ။ အဲဒီ'စည်း'နဲ့ ပတ်သက်လို့ပေါ့ဗျာ။ ဒီလိုပါ။ ခုကျွန်တော်ပြောမယ့်ဟာတွေက မှန်တော့မှန်တယ်၊ နာလိုခံခက် ဖြစ်ချင်ဖြစ်နေမယ်လေ။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ အချိန်နဲ့အမျှ တွေး မိ၊ ခံစားမိ၊ ခံယူမိတဲ့အချက်တွေမို့လို့ နည်းနည်းတော့ ဂရုစိုက်ပြီး နားထောင် စေချင်တယ်ဗျာ။ အကျင့်ပါနေလို့မို့ နားထောင်ချင်ယောင်ဆောင်ပြီး ခင်ဗျား ဘာသာခင်ဗျား တွေးချင်ရာတွေးနေလည်း တွေးပေါ့ဗျာ၊ တစ်ခုတော့ရှိ တယ်။ ကျွန်တော်ပြောပြီးရင်တော့ ခင်ဗျား ခေါင်းညိတ်၊ ခေါင်းခါ တစ်ခုခု လုပ်ရလိမ့်မယ်။

ကဲ... သဘောတူရင် ပြောပြီဗျို့...။

ဒီလိုဗျာ။ ကျွန်တော် မဟူရာတိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံမှာက 'ကင်း' တစ်၊ 'ကွင်း' တစ်၊ 'ကက်စ်တယ်လ်' နှစ်၊ 'ဘိရှော့ပ်' နှစ်၊ 'ဟော့စ်' နှစ်၊ 'ပွန်း' ရှစ် ဆိုပြီး ရှိသဗျ။ ဟာ... နည်းနည်းလေးလို့ မပြောနဲ့လေဗျာ။ ခင်ဗျား နှယ် နေရာက သိပ်မရှိဘူးဗျ၊ နောက် ကျွန်တော်တို့က တစ်ချိန်လုံး ဟိုဘက် သလင်းဖြူတိုင်းနိုင်ငံနဲ့ ချနေကြတာဗျ။ ဖိုက်  (Fight)  မယ့်ကောင်တွေ ရှိ ဖို့ပဲ လိုတယ်ဗျ။ ကျန်တဲ့ကောင်တွေ အလိုမရှိဘဲ ဗျို့။ နေရာက စတုရန်း ခပ်ကျဉ်းကျဉ်းရယ်။ နောက် ဒီဖွဲ့စည်းပုံကလည်း ပုံသေပဲဗျ။ 'စည်း' ပဲ၊ သလင်းဖြူ တိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံကလည်း ပုံသေပဲဗျ။ ဒီအတိုင်းပဲ။

အေးပါဗျာ။ ခင်ဗျားသာ ခင်ဗျား အားလို့ယားလို့ ပေါလို့ များလို့ ချဲ့ ချင်သပဆိုမှ ဖွဲ့စည်းပုံ ပြင်၊ နေရာချဲ့။ ခင်ဗျားဘာသာ လုပ်ချေ။ ခုတော့ နားထောင်ဗျာ။

အဲဒီမှာ ကျွန်တော်က 'ပွန်း' လေ။ ဒါပေမဲ့ နံပါတ်'ရှစ်' ဆိုတော့ သိပ်တော့ မဟုတ်လှဘူးပေါ့ဗျာ။ အဲ... အဲလို ပြောလို့လည်း မဖြစ်ဘူး ဗျ။ ကျွန်တော်တို့ 'ပွန်း' တွေက ရှေ့တန်းစစ်မျက်နှာမှာ အမြဲရင်ဘောင် တန်းပြီး တန်းတူ အသေခံ တိုက်တာဗျ။ ကာကွယ်တာဗျ။ တစ်ခုတော့ ရှိ တယ်။ 'နယ်' ။ ကျွန်တော်တို့ အားလုံးမှာ ကိုယ်လှုပ်ရှားရမယ့် လှုပ်ရှား နိုင်တဲ့ 'နယ်'တွေ အသီးသီး ပိုင်ကြတယ်ဗျ။ ကျွန်တော်ပြော ချင်တာလည်း အဲဒီ 'နယ်'ပဲ။

ဒီလိုဗျာ။ ကျွန်တော်တို့ဆီမှာ 'နယ်'အများဆုံး၊ အကျယ်ဆုံးက 'ကွင်း' ပဲ။ အရပ်ရှစ်မျက်နှာကို ဘယ်လောက်ဝေးဝေးသွားနိုင်တယ်။ လှုပ်ရှားနိုင်တယ်။ အခြေအနေမကောင်းဘူးထင်ရင်နောက်ကြောင်းပြန် ဆုတ် လာနိုင်တယ်။ နောက် သလင်းဖြူ'ကင်း'ကိုလည်း စိန်ခေါ်နိုင်ခွင့်ရှိတယ်။ ကျအောင် လည်း တိုက်နိုင် တယ်။ ဒါကြောင့် ကျွန်တော်တို့'ကင်း'ရဲ့ အားအထားရဆုံး မဟေသီဇာနည်ပေါ့ဗျာ။)

ဒုတိယ 'နယ်'ကျယ်တဲ့သူတွေက 'ရဲတိုက်မှူး'နဲ့ 'ဘုန်းတော်ကြီး' တွေ ပေါ့။ ဘုန်းကြီး စစ်မတိုက်ရဘူးလား။ မသိဘူးဗျာ။ သူ့ဘာသာ မနေနိုင် လို့ ငြိမ်မနေနိုင်တော့လို့ တိုက်တာလား ဘာလား ဘယ်သိမလဲဗျ။ ဖွဲ့စည်း ပုံမှာကိုက 'ဘုန်းတော်ကြီး ဘိရှော့ပ်' နှစ် ဆိုပြီးပါတာပဲ။ အဲ... အထင် မသေးနဲ့ဗျို့။ မပျော့ဘူး။ မရွံ့ဘူး။ ဆုတ်ချည်တက်ချည်လည်း လုပ်နိုင် တယ်။ သလင်းဖြူ 'ကင်း'ကိုလည်း စိန်ခေါ်နိုင်တယ်။ အပြုတ်ချနိုင်တယ်။ လုပ်ပိုင်ခွင်ရှိတယ်။

တတိယ 'နယ်'ကျယ်တာက 'မြင်းသည်တော်' တွေပဲ။ တစ်ခုရှိတာ က 'ကက်စ်တယ်လ်' နဲ့ 'ဘိရှော့ပ်' မပြောနဲ့ 'ကွင်း'မသွားနိုင်တဲ့ခရီးကိုပါ သွားနိုင်တယ်။ ဆိုပါတော့ 'မြင်းသည်တော်'က ကွေ့နိုင်တယ်။ လမ်းချိုး ရှိရင် သွားခွင့်ရှိတယ်။ သိပ်ဝေးဝေးတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဘာ အရေးလဲ။ အရေးအကြောင်းဆို လမ်းချိုးထဲကွေ့ပြီး ရှောင်လို့လိုက်လို့ ရ တာ အခွင့်အရေးကောင်းပဲပေါ့။ သူ့'နယ်'လည်း ကောင်း တာပဲ။ နောက် သူ့မှာလည်း သလင်းဖြူ'ကင်း'ကို စိန်ခေါ်နိုင်ခွင့်၊ အပြုတ်ဆော်နိုင်ခွင့် ရှိ တယ်။

အဲ... ကျွန်တော်တို့ ခြေမြန်တပ်ဖွဲ့ဝင် 'ပွန်း'တွေထက် နယ်ကျယ် တာဆိုလို့ 'ကင်း'ပဲ ရှိတော့တယ်။ ကျွန်တော်တို့ 'ပွန်း'တွေကတော့ဗျာ... လှုပ်ရရှားရ သိပ်ကျဉ်းကြပ်ပါတယ်။ စိတ်ရှိလက်ရှိ လှုပ်ရှားရတယ် ရယ်လို့ ဘယ်တော့မှ မရှိဘူး။ နောက် ကျွန်တော်တို့ဟာ ရှေ့တည့်တည့် အရပ် တစ်ခုတည်းကိုပဲ ဦးတည်ပြီး သွားရတယ်။ နောက်ကြောင်း ပြန်ဆုတ်ခွင့်လည်း ကျွန်တော်တို့မှာမရှိဘူး။ စထွက်ပြီဟေ့ ဆို ရှေ့ကို ပဲ။ နောက်ကြောင်း ပြန်မလှည့်ကြေး။ လမ်းဘေးမှာတွေ့ရင် တွေ့သမျှ ရသလိုတိုက်သွား။ သလင်းဖြူ ကကောင်တွေ ကို အနိုင် ချနိုင်ရင်ချ။ မချနိုင်ရင် ကိုယ်က ခံသွား ပဲ။

အဲ... တစ်ခုတော့ ရှိတယ်၊ သလင်းဖြူ'ကင်း'ကို စိန်ခေါ်နိုင်ခွင့်၊ အကျချနိုင်ခွင့် ကျွန်တော်တို့မှာ ရှိတယ်။ အဲဒီအခွင့်အရေးကိုတော့ ကျွန် တော် သိပ်သဘောကျတယ်။ ရဲရင် တက်သွားမယ်။ သက်လုံကောင်းရင် 'ကင်း'ကို စိန်ခေါ်နိုင်မယ်။ သြော်... ပြောရဦးမယ်။ ကျွန်တော်တို့ရဲ့ ထာဝရတိုက်ပွဲမှာ 'ကင်း'ဟာ အခရာပဲ။ 'ကင်း'ကို စိန်ခေါ်နိုင်ပြီဆိုရင်ကို ကျွန်တော်တို့ ပျော်ရပြီ။ 'ကင်း'ကျရင် 'သလင်းဖြူ'ကျပြီလေ။ အဓိကက 'ကင်း'ပဲ။ 'ပွန်း'အားလုံး ကျပစေ။ အို... 'ကက်စ်တယ်လ်' ၊ 'ဘိရှော့ပ်' 'ဟော့စ်' အားလုံးကျပစေ။ 'ကင်း'နားမှာ 'ကွင်း'တောင်မရှိနဲ့ဦး။ 'ကင်း' မကျသရွေ့ 'မဟူရာ' လည်း မကျနိုင်ဘူး။ 'သလင်းဖြူ'လည်း မကျနိုင်ဘူး။

ဒါပေါ့ဗျ၊ ကျွန်တော်တို့တိုက်နေကြတာ။ ကျွန်တော်တို့အားလုံး တိုက် နေကြတာ 'ကင်း'မကျအောင်၊ 'ကင်း'ကို ကာကွယ်ရအောင်။ နောက်ဆုံး ကျွန်တော်တို့ မဟူရာ'ကင်း'ကို သလင်းဖြူသား ဘယ်ကောင်မှ စိန်ခေါ်သံ 'ချက်'နဲ့ စိန်မခေါ်နိုင်ရအောင်။ ဒါပဲ။ ကျွန်တော်တို့တာဝန်က ကျွန်တော် တို့ ပိုင်ရာဆိုင်ရာ'နယ်'ကနေပြီး မဟူရာ'ကင်း' ကာကွယ်ဖို့နဲ့ သလင်းဖြူ 'ကင်း'ကို တိုက်ဖို့ပဲ။

အဲ... အဲ...'နယ်'က စကားပြောလာပြန်ပြီ။ ဒီလိုလေ။ 'ကင်း'ရဲ့ နယ်။ အရပ်ရှစ်မျက်နှာကို 'ကင်း'သွားလာလှုပ်ရှားခွင့်ရှိတယ်။ နောက် ကြောင်းပြန်ဆုတ်လို့လည်း ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့လိုပဲပေါ့လေ။ သိပ် ဝေးဝေးလံလံကြီးသွားလို့ မရဘူး။ ကျွန်တော်တို့ တစ်ခါရွေ့လျားနှုန်း နဲ့ပဲ 'ကင်း'လည်း လှုပ်ရှားရတယ်။ 'စည်း'ပဲ။ ဒါပေမဲ့ ကျွန်တော်တို့က ရှေ့ တည့်တည့်တစ်နေရာပဲ သွားနိုင်တယ်။ 'ကင်း'က အရပ်ရှစ်မျက်နှာ သွား လို့ရတယ်။ ကျွန်တော်တို့ နောက်ကြောင်းပြန်မလှည့်နိုင်ဘူး။ 'ကင်း' ပြန် လှည့်လို့ရတယ်။

နောက်တစ်ခု။ အဲဒါ သိပ်အရေးကြီးတယ်။ ကျွန်တော်တို့ 'ပွန်း' တွေ မှာ တစ်ဖက် 'ကင်း'ကို စိန်ခေါ်ပိုင်ခွင့် ရှိတယ်။ အပြုတ်လည်း ချနိုင်တယ်။ 'ကင်း'မှာ တစ်ဖက် 'ကင်း'ကို စိန်ခေါ်ခွင့် မရှိဘူး။ စိန်ခေါ်လို့ မရဘူး။ အပြုတ်လည်း မချနိုင်ဘူး။

အဲဒါပါ။ ကျွန်တော့်ဆန္ဒတစ်ခုပါ။ ကျွန်တော် 'ကင်း' တော့ မဖြစ်ချင် ဘူး။ တစ်ဖက်ရန်သူ 'ကင်း'ကို စိန်မခေါ်နိုင်တဲ့၊ အပြတ်မဆော်နိုင်တဲ့၊ ကိုယ်ကလည်း သူတစ်ပါးကို အကာအကွယ်မပေးနိုင်တဲ့အပြင် သူများရဲ့ အကာအကွယ်ကိုပါ အားကိုးနေရတဲ့ 'ကင်း'တော့ မဖြစ်ချင်ဘူး။ ဒါပေမဲ့ ဒီ့ထက်နည်းနည်းလေး ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားချင်တယ်။ နောက် ကြောင်းပြန်ဆုတ်ချင်လို့ ပြောတာမဟုတ်ဘူးနော်။ ကျယ်ကျယ်ပြန့်ပြန့် သွား လာချင်တာပါ။

ဘယ့်နှယ့်လဲ။ ကျွန်တော့်နယ်နဲ့ 'ကင်း'နယ် လဲကြရအောင်လေ။

ကဲ... ကျွန်တော်ပြောလို့တော့ ပြီးပြီ။ ခင်ဗျားတာဝန်ပဲ ကျန်တော့ တယ်၊ လုပ်ဗျာ... ခေါင်းညိတ်ခေါင်းခါ တစ်ခုခုပေါ့။ ကျွန်တော်က ပွန်းနံပါတ် ရှစ်ပါ။ ခြေမြန်တပ်ဖွဲ့ကလေ။ ဟုတ်ကဲ့။ မဟူရာတိုင်းနိုင်ငံ ရဲ့ ခြေမြန် တပ်ဖွဲ့ကပါ။ အင်း... ပြောရရင်တော့ဗျာ။ ခြေမြန်တပ်ဖွဲ့သာဆိုရတာပါ။ ကျွန်တော်တို့ တပ်ဖွဲ့တွေကတော့ ထွက်စကပဲ မြန်ပါတယ်။ လွယ်လည်းလွယ်တယ်လေ။ အဲ... နောက်ပိုင်းကျတော့ ပုံမှန်နှုန်းနဲ့ပဲ ထွက်နိုင်ပါ တယ်။ ပိုလျင်ပြီး အထွက်မြန်လို့လည်း မရပါဘူး။ ပိုသွက်လို့လည်း မရပါဘူး။ ဒါ 'စည်း' ပါ။ 'အမိန့်'။ 'အမိန့်' တော့ မဟုတ် ဘူးခင်ဗျ၊ 'စည်း'ပါ။

အဲဒါ ခင်ဗျားကို ပြောမလို့ပဲဗျ။ အဲဒီ'စည်း'နဲ့ ပတ်သက်လို့ပေါ့ဗျာ။ ဒီလိုပါ။ ခုကျွန်တော်ပြောမယ့်ဟာတွေက မှန်တော့မှန်တယ်၊ နာလိုခံခက် ဖြစ်ချင်ဖြစ်နေမယ်လေ။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ အချိန်နဲ့အမျှ တွေး မိ၊ ခံစားမိ၊ ခံယူမိတဲ့အချက်တွေမို့လို့ နည်းနည်းတော့ ဂရုစိုက်ပြီး နားထောင် စေချင်တယ်ဗျာ။ အကျင့်ပါနေလို့မို့ နားထောင်ချင်ယောင်ဆောင်ပြီး ခင်ဗျား ဘာသာခင်ဗျား တွေးချင်ရာတွေးနေ လည်း တွေးပေါ့ဗျာ၊ တစ်ခုတော့ရှိ တယ်။ ကျွန်တော်ပြောပြီးရင်တော့ ခင်ဗျား ခေါင်းညိတ်၊ ခေါင်းခါ တစ်ခုခု လုပ်ရလိမ့်မယ်။

ကဲ... သဘောတူရင် ပြောပြီဗျို့...။

ဒီလိုဗျာ။ ကျွန်တော် မဟူရာတိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံမှာက 'ကင်း' တစ်၊ 'ကွင်း' တစ်၊ 'ကက်စ်တယ်လ်' နှစ်၊ 'ဘိရှော့ပ်' နှစ်၊ 'ဟော့စ်' နှစ်၊ 'ပွန်း' ရှစ် ဆိုပြီး ရှိသဗျ။ ဟာ... နည်းနည်းလေးလို့ မပြောနဲ့လေဗျာ။ ခင်ဗျား နှယ် နေရာက သိပ်မရှိဘူးဗျ၊ နောက် ကျွန်တော်တို့က တစ်ချိန်လုံး ဟိုဘက် သလင်းဖြူတိုင်းနိုင်ငံနဲ့ ချနေကြတာဗျ။ ဖိုက် (Fight) မယ့်ကောင်တွေ ရှိ ဖို့ပဲ လိုတယ်ဗျ။ ကျန်တဲ့ကောင်တွေ အလိုမရှိဘဲဗျို့။ နေရာ က စတုရန်း ခပ်ကျဉ်းကျဉ်းရယ်။ နောက် ဒီဖွဲ့စည်းပုံကလည်း ပုံသေပဲဗျ။ 'စည်း' ပဲ၊ သလင်းဖြူတိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံကလည်း ပုံသေပဲဗျ။ ဒီအတိုင်းပဲ။

အေးပါဗျာ။ ခင်ဗျားသာ ခင်ဗျား အားလို့ယားလို့ ပေါလို့ များလို့ ချဲ့ ချင်သပဆိုမှ ဖွဲ့စည်းပုံ ပြင်၊ နေရာချဲ့။ ခင်ဗျားဘာသာ လုပ်ချေ။ ခုတော့ နားထောင်ဗျာ။

အဲဒီမှာ ကျွန်တော်က 'ပွန်း' လေ။ ဒါပေမဲ့ နံပါတ်'ရှစ်' ဆိုတော့ သိပ်တော့ မဟုတ်လှဘူးပေါ့ဗျာ။ အဲ... အဲလို ပြောလို့လည်း မဖြစ်ဘူး ဗျ။ ကျွန်တော်တို့ 'ပွန်း' တွေက ရှေ့တန်းစစ်မျက်နှာမှာ အမြဲရင်ဘောင် တန်းပြီး တန်းတူ အသေခံ တိုက်တာဗျ။ ကာကွယ်တာဗျ။ တစ်ခုတော့ ရှိ တယ်။ 'နယ်' ။ ကျွန်တော်တို့အားလုံးမှာ ကိုယ်လှုပ်ရှားရမယ့် လှုပ်ရှား နိုင်တဲ့ 'နယ်'တွေ အသီးသီး ပိုင်ကြတယ်ဗျ။ ကျွန်တော်ပြောချင်တာလည်း အဲဒီ 'နယ်'ပဲ။

ဒီလိုဗျာ။ ကျွန်တော်တို့ဆီမှာ 'နယ်'အများဆုံး၊ အကျယ်ဆုံးက 'ကွင်း' ပဲ။ အရပ်ရှစ်မျက်နှာကို ဘယ်လောက်ဝေးဝေးသွားနိုင်တယ်။ လှုပ်ရှားနိုင် တယ်။ အခြေအနေမကောင်းဘူး ထင်ရင် နောက်ကြောင်းပြန်ဆုတ်လာနိုင် တယ်။ နောက် သလင်းဖြူ'ကင်း'ကိုလည်း စိန်ခေါ်နိုင်ခွင့်ရှိတယ်။ ကျအောင်လည်း တိုက်နိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့'ကင်း'ရဲ့ အားအထားရဆုံး မဟေသီဇာနည်ပေါ့ ဗျာ။)
ဒုတိယ 'နယ်'ကျယ်တဲ့သူတွေက 'ရဲတိုက်မှူး'နဲ့ 'ဘုန်းတော်ကြီး' တွေ ပေါ့။ ဘုန်းကြီး စစ်မတိုက်ရဘူးလား။ မသိဘူးဗျာ။ သူ့ဘာသာ မနေနိုင် လို့ ငြိမ်မနေနိုင်တော့လို့ တိုက်တာလား ဘာလား ဘယ်သိမလဲဗျ။ ဖွဲ့စည်း ပုံမှာကိုက 'ဘုန်းတော်ကြီး ဘိရှော့ပ်' နှစ် ဆိုပြီးပါတာပဲ။ အဲ... အထင် မသေးနဲ့ဗျို့။ မပျော့ဘူး။ မရွံ့ဘူး။ ဆုတ်ချည်တက်ချည်လည်း လုပ်နိုင် တယ်။ သလင်းဖြူ 'ကင်း'ကိုလည်း စိန်ခေါ်နိုင်တယ်။ အပြုတ်ချနိုင်တယ်။ လုပ်ပိုင်ခွင်ရှိတယ်။

တတိယ 'နယ်'ကျယ်တာက 'မြင်းသည်တော်' တွေပဲ။ တစ်ခုရှိတာ က 'ကက်စ်တယ်လ်' နဲ့ 'ဘိရှော့ပ်' မပြောနဲ့ 'ကွင်း'မသွားနိုင်တဲ့ခရီးကိုပါ သွားနိုင်တယ်။ ဆိုပါတော့ 'မြင်းသည်တော်'က ကွေ့နိုင်တယ်။ လမ်းချိုး ရှိရင် သွားခွင့်ရှိတယ်။ သိပ်ဝေးဝေးတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဘာ အရေးလဲ။ အရေးအကြောင်းဆို လမ်းချိုးထဲကွေ့ပြီး ရှောင်လို့လိုက်လို့ ရ တာ အခွင့်အရေးကောင်းပဲပေါ့။ သူ့'နယ်'လည်း ကောင်း တာပဲ။ နောက် သူ့မှာလည်း သလင်းဖြူ'ကင်း'ကို စိန်ခေါ်နိုင်ခွင့်၊ အပြုတ်ဆော်နိုင်ခွင့် ရှိ တယ်။

အဲ... ကျွန်တော်တို့ ခြေမြန်တပ်ဖွဲ့ဝင် 'ပွန်း'တွေထက် နယ်ကျယ် တာဆိုလို့ 'ကင်း'ပဲ ရှိတော့တယ်။ ကျွန်တော်တို့ 'ပွန်း'တွေကတော့ဗျာ... လှုပ်ရရှားရ သိပ်ကျဉ်းကြပ်ပါတယ်။ စိတ်ရှိလက်ရှိ လှုပ်ရှားရတယ်ရယ် လို့ ဘယ်တော့မှ မရှိဘူး။ နောက် ကျွန်တော်တို့ဟာ ရှေ့တည့်တည့် အရပ် တစ်ခုတည်းကိုပဲ ဦးတည်ပြီးသွားရတယ်။ နောက်ကြောင်း ပြန်ဆုတ်ခွင့် လည်း ကျွန်တော်တို့မှာ မရှိဘူး။ စထွက်ပြီဟေ့ဆို ရှေ့ကိုပဲ။ နောက်ကြောင်း ပြန်မလှည့်ကြေး။ လမ်းဘေးမှာတွေ့ရင် တွေ့သမျှ ရသလိုတိုက်သွား။ သလင်းဖြူကကောင်တွေကို အနိုင်ချနိုင်ရင်ချ။ မချနိုင်ရင် ကိုယ်က ခံသွား ပဲ။

အဲ... တစ်ခုတော့ ရှိတယ်၊ သလင်းဖြူ'ကင်း'ကို စိန်ခေါ်နိုင်ခွင့်၊ အကျချနိုင်ခွင့် ကျွန်တော်တို့မှာ ရှိတယ်။ အဲဒီအခွင့်အရေးကိုတော့ ကျွန် တော် သိပ်သဘောကျတယ်။ ရဲရင် တက်သွားမယ်။ သက်လုံကောင်းရင် 'ကင်း'ကို စိန်ခေါ်နိုင်မယ်။ သြော်... ပြောရဦးမယ်။ ကျွန်တော်တို့ရဲ့ ထာဝရတိုက်ပွဲမှာ 'ကင်း'ဟာ အခရာပဲ။ 'ကင်း'ကို စိန်ခေါ်နိုင်ပြီဆိုရင်ကို ကျွန်တော်တို့ ပျော်ရပြီ။ 'ကင်း'ကျရင် 'သလင်းဖြူ'ကျပြီလေ။ အဓိကက 'ကင်း'ပဲ။ 'ပွန်း'အားလုံး ကျပစေ။ အို... 'ကက်စ်တယ်လ်' ၊ 'ဘိရှော့ပ်' 'ဟော့စ်' အားလုံးကျပစေ။ 'ကင်း'နားမှာ 'ကွင်း'တောင်မရှိနဲ့ဦး။ 'ကင်း' မကျသရွေ့ 'မဟူရာ' လည်း မကျနိုင်ဘူး။ 'သလင်းဖြူ'လည်း မကျနိုင်ဘူး။

ဒါပေါ့ဗျ၊ ကျွန်တော်တို့တိုက်နေကြတာ။ ကျွန်တော်တို့အားလုံး တိုက် နေကြတာ 'ကင်း'မကျအောင်၊ 'ကင်း'ကို ကာကွယ်ရအောင်။ နောက်ဆုံး ကျွန်တော်တို့ မဟူရာ'ကင်း'ကို သလင်းဖြူသား ဘယ်ကောင်မှ စိန်ခေါ်သံ 'ချက်'နဲ့ စိန်မခေါ်နိုင်ရအောင်။ ဒါပဲ။ ကျွန်တော်တို့တာဝန်က ကျွန်တော် တို့ ပိုင်ရာဆိုင်ရာ'နယ်'ကနေပြီး မဟူရာ'ကင်း' ကာကွယ်ဖို့နဲ့ သလင်းဖြူ 'ကင်း'ကို တိုက်ဖို့ပဲ။

အဲ... အဲ...'နယ်'က စကားပြောလာပြန်ပြီ။ ဒီလိုလေ။ 'ကင်း'ရဲ့ နယ်။ အရပ်ရှစ်မျက်နှာကို 'ကင်း'သွားလာလှုပ်ရှားခွင့်ရှိတယ်။ နောက် ကြောင်းပြန်ဆုတ်လို့လည်း ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့လိုပဲပေါ့လေ။ သိပ် ဝေးဝေးလံလံကြီးသွားလို့ မရဘူး။ ကျွန်တော်တို့ တစ်ခါရွေ့လျားနှုန်း နဲ့ပဲ 'ကင်း'လည်း လှုပ်ရှားရတယ်။ 'စည်း'ပဲ။ ဒါပေမဲ့ ကျွန်တော်တို့က ရှေ့ တည့်တည့်တစ်နေရာပဲ သွားနိုင်တယ်။ 'ကင်း'က အရပ်ရှစ်မျက်နှာ သွား လို့ရတယ်။ ကျွန်တော်တို့ နောက်ကြောင်းပြန်မလှည့်နိုင်ဘူး။ 'ကင်း' ပြန် လှည့်လို့ရတယ်။

နောက်တစ်ခု။ အဲဒါ သိပ်အရေးကြီးတယ်။ ကျွန်တော်တို့ 'ပွန်း' တွေ မှာ တစ်ဖက် 'ကင်း'ကို စိန်ခေါ်ပိုင်ခွင့် ရှိတယ်။ အပြုတ်လည်း ချနိုင်တယ်။ 'ကင်း'မှာ တစ်ဖက် 'ကင်း'ကို စိန်ခေါ်ခွင့် မရှိဘူး။ စိန်ခေါ်လို့ မရဘူး။ အပြုတ်လည်း မချနိုင်ဘူး။

အဲဒါပါ။ ကျွန်တော့်ဆန္ဒတစ်ခုပါ။ ကျွန်တော် 'ကင်း' တော့ မဖြစ်ချင် ဘူး။ တစ်ဖက်ရန်သူ 'ကင်း'ကို စိန်မခေါ်နိုင်တဲ့၊ အပြတ်မဆော်နိုင်တဲ့၊ ကိုယ်ကလည်း သူတစ်ပါးကို အကာအကွယ်မပေးနိုင်တဲ့အပြင် သူများရဲ့ အကာအကွယ်ကိုပါ အားကိုးနေရတဲ့ 'ကင်း'တော့ မဖြစ်ချင်ဘူး။ ဒါပေမဲ့ ဒီ့ထက်နည်းနည်းလေး ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားချင်တယ်။ နောက် ကြောင်းပြန်ဆုတ်ချင်လို့ ပြောတာမဟုတ်ဘူးနော်။ ကျယ် ကျယ်ပြန့်ပြန့် သွား လာချင်တာပါ။

ဘယ့်နှယ့်လဲ။ ကျွန်တော့်နယ်နဲ့ 'ကင်း'နယ် လဲကြရအောင်လေ။

ကဲ... ကျွန်တော်ပြောလို့တော့ ပြီးပြီ။ ခင်ဗျားတာဝန်ပဲ ကျန်တော့ တယ်၊ လုပ်ဗျာ... ခေါင်းညိတ်ခေါင်းခါ တစ်ခုခုပေါ့။ 

မသီတာ(စမ်းချောင်း)
ဆူးဒဏ်မဲ့သစ်ရွက်များဝတ္ထုတိုပေါင်းချုပ်မှ...

No comments:

Post a Comment