Sunday 9 October 2011

စာဖတ်သူသို့

မာတိကာ 

၁အတွေ့ဝတ္ထု 
ထုံးစံပေမို့
ပြာဖြစ်သွားသောမီးခဲ
မှောင်ကာမည်းလေမှ လင်းလက်လာသည့် ရောင်စဉ်ဖြာ

၂ အတွေးဝတ္ထု                                                                                           
ချိုရှရှ ပျားရည်နွံ
တော်ပါသေးရဲ့
နောင်လေးမျှင်

၃ အတွေ့ကိုတွေးသောဝတ္ထု 
ဗာဒံရိပ်
ဟိုတုန်းက
အရောင်မဲ့ အဖြူ
အကြွင်းရှိနိဂုံး
မျက်နှာချင်းဆိုင် ကျောချင်းကပ်

၎ အတွေးကိုတွေ့သောဝတ္ထု 
မတရားဘူး
ဇာတ်
ဦးခင်မောင်၏ သားသမီးနှင့် ဘိုးဘိုးခင်မောင်၏ မြေးများ
စည်တော်သံမှ အပ
ပွဲ
 +++++++++++++

စာဖတ်သူသို့....
ဆယ်စုနှစ်တစ်ခုရဲ့ ဟိုမှာဖက်က ဝတ္ထုတိုလေးတွေ စုပေးထားပါတယ်။
၁၉၈၇ တည်းက စီစဉ်ထားခဲ့ပြီး အကြောင်းကြောင်းနဲ့ မလုပ်ဖြစ်ခဲ့တာပါ။
ငယ်လက်ရာတွေမို့ ခုချိန်မှာသဘောကျတာ၊ သဘောမကျတာတွေ ရောနေပါပြီ။
ဘာပဲဖြစ်ဖြစ် ပြန်စီစစ်ပြင်ဆင်တာတွေ မလုပ်ချင်ပါဘူး။
၈၇ မတိုင်မီက စိတ်ကူးဝတ္ထုများနဲ့ ၈၇ နှစ်ကုန်လောက်က စိတ်ကူး အစီအစဉ်များလို့ သတိထားပြီး ဖတ်စေချင်ပါတယ်။
အဟောင်းဟာ ကောင်းကောင်း၊ မကောင်းကောင်း အသစ် မဖြစ်နိုင် တော့သလို အသစ်ဖြစ်အောင်လဲ အားမထုတ်လိုတော့ဘဲ အဟောင်းဟာ အဟောင်းပဲဆိုတဲ့ အသိနဲ့ ရိုးရိုးသားသား ဖော်ပြချင်တာမို့ ဒီစာအုပ်ကို အရင်စီစဉ်ဖြစ်တာပါ။
စာဖတ်သူတွေအတွက် နှုတ်ခွန်းဆက်အစီအစဉ်ဟာ အဟောင်းတွေနဲ့ စဖြစ်ရတာ အတွက်တော့ တောင်းပန်ပါရစေ။
ဒီအဟောင်းတွေကို ဖော်ပြပေးခဲ့ကြတဲ့ မဂ္ဂဇင်းများနဲ့ အယ်ဒီတာများ၊ စိတ်ကူးအစီအစဉ် အတိုင်း ဝတ္ထုတွေ ပြန်စုစည်းထားဖို့ ကူညီပေးခဲ့တဲ့ အလင်းငှက်အဖွဲ့ဝင် များနဲ့ ဒီစာအုပ်ထုတ်ဖြစ်အောင် ကြိုးစားခဲ့တဲ့ အက္ခရာစင်စာပေ အဖွဲ့တို့ကို ကျေးဇူးတင်ပါရစေ။
စာပေကမ္ဘာအတွက်လည်း ရှေ့အစီအစဉ်တွေနဲ့ ကျေးဇူးဆပ်ပါရစေ။

မသီတာ (စမ်းချောင်း)
ဧပြီ၊ ၁၉၉၉

No comments:

Post a Comment