Saturday 19 November 2011

ကွေးသောလက် မဆန့်မီ

ဝမ်းသာသကွာ... တွေ့ရတာ တကယ့်ကို ဝမ်းသာတာပဲကွာ...။ မယုံသလို မကြည့်စမ်းပါနဲ့ကွ။ ငါ တကယ်ပြောနေတာပါ။ မင်းလိုလူတွေ နဲ့ မတွေ့ရတာ ကြာကြာမှပဲ။ ဝမ်းမသာဘဲ နေနိုင်ရိုးလားကွာ...။ ငါ လည်း ဝမ်းမသာရတာ ငွေရတုနှစ်လည်ပြည့်ပြီပေါ့။ မင်းတို့လူ့ပြည်လူ့ရွာ ကလည်း ငါ့ဆီ တစ်ယောက်တလေမှ ရောက်မလာ။ ငါတို့ဆီက နတ်တွေ ကလည်း သင်္ကြန်လိုက်ဆင်းပျော်ပြီး ပြန်မပေါ်လာရတာနဲ့။ အဲ... ထား ပါတော့ကွာ။ ဘာလို့ ပြန်မလာတာကိုတော့ တဖြည်းဖြည်းနဲ့ တချို့ပြဿဒ် တွေမှာ နတ်မရှိတော့ဘူးကွ။ ချိတ်တော့ မပိတ်ထားပါဘူးကွာ။ ဒီလိုပဲ ဆိုင်ရာဆိုင်ရာ နီးစပ်ရာ နတ်တချို့ တက်နေနေကြတာပါပဲ။ ဒါအရေး မကြီးပါဘူးလေ။ ထုံးစံတောင် ဖြစ်နေမင့်ဟာ။ ကဲကွာ... မင်းပဲ စဉ်းစား ကြည့်။ ပေါင်းစရာသင်းစရာ ရင်ဖွင့်စရာဆိုလို့ ဟိုလေးယောက်ရှိတာပဲ။ မကိုက်ပါဘူးကွာ။ မင်းလည်း သိမှာပေါ့။ မိန်းမတို့အကြောင်းလေ။ ငှက် မျိုးငှက်နွယ်တွေ များပါတယ်။ ခိုတို့၊ ဆက်ရက်တို့၊ စာကလေးတို့။ ဒါပေါ့။ ငါလည်း ကြာတော့ ချောက်ချားလာတာပေါ့။ မင်းနှယ်... သန်းခေါင်စာ ရင်းတောင် မကောက်ရဲဘူး။ နတ်ဦးရေနည်းတာ လူသိကုန်ကြရင် စော်ကား မော်ကား လုပ်ကြမစိုးလို့လေ။
ဘာ... ဘာ... ဒါဖြင့်လည်း လူ့ပြည်ဘက် ငဲ့ကြည့်ပြီး နတ်ဖြစ် မယ့်လူရှာပါလားတဲ့ ဟုတ်လား...၊ ဟား...ဟား... ပြောတော့ လွယ် လိုက်တ်ာနော်။ ဟေ့၊ ဒီမယ် မင်းပဲ ဖြေပါဦး။ မင်းတို့လူ့ပြည်မယ် ဘွဲ့ရတဲ့ လူတွေ ဒီလောက်များတဲ့ထဲမှာ အရာရှိဖြစ်မယ့်လူ ဘယ်နှစ်ယောက် မင်း ရှာတွေ့ဖူးလဲ။ ကြံကြီးစည်ရာကွာ...။ ငါကပဲ ကာမဂုဏ်ငွေ့ ပျော်မွေ့ လို့ လူ့ပြည်ဘက် ငဲ့လို့မှ မကြည့်ဘူးလေး ဘာလေးနဲ့။ ငါ့မှာ ထိသိ သတိ လေးမှ အမြဲမငြိနိုင်ပါဘူးကွာ။ ငါ့ဏ္ဍုဂွမ်းဆိုင်က တော်နေ တင်းလိုက်၊ တော်နေကြာ တင်းလိုက်နဲ့ မင်းတို့လူတွေလည်း ခင်းလိုက်တဲ့အမှု၊ ပြုလိုက် တဲ့ အပြစ်။ မဖြစ်ပါဘူးကွာ။ ရော့... ဒီမှာကြည့်။ ငါ့စိန်မျက်မှန်ဒီဂရီ လည်း တိုးလိုက်သမျှ အလှပျက်မစိုးလို့ မျက်ကပ်မှန်လုပ်ရင် ကောင်းမလား တောင် စဉ်းစားမိပါသေးရဲ့။ ဒါပေမဲ့ကွာ အလကားပါပဲ။ ငါက ဒုန်းခနဲ ဒိုင်းခနဲ ထင်ထင်ရှားရှားအမှုအခင်းတွေသာ မြင်ရတာကွ။ ရေမြှုပ်ဗုံးတစ် လုံးမခွဲ၊ သေနတ်တစ်ချက်မပစ်ဘဲ ဆီတစ်ပုံး၊ သီးစုံသနပ် တစ်ပိဿာနဲ့ ပြီးသွားတဲ့ဟာတွေကျတော့ ငါ့စိန်မျက်မှန်က တယ်အသုံးမကျပါဘူးကွာ။ မျက်စိညောင်း ခေါင်းခဲတာသာ အဖတ်တင်တာပါပဲ...။
ဘာလဲ၊ ကိုယ်ကျိုးကြည့်တယ်ပြောဦးမလို့လား။ လုပ်မနေပါနဲ့ကွာ။ ဒီ အမှုတွေ ငါမကိုင်ပေမဲ့ အချိန်ကျတော့ ကိုယမတို့က တာဝန်ယူပါတယ် ကွ။ အေးကွာ... သူ့မှာတော့လည်း များလိုက်တဲ့ြေ>ွခရံသင်းပင်း၊ ရောက် လာသမျှလူတွေကို အမှုလိုက်ခွဲပြီး တာဝန်တွေပေးထားလိုက်တာမှ ငါ တောင် အားကျသေးရဲ့။ ဖုန်းတစ်လုံးနဲ့ အလုပ်လုပ်တဲ့လူတွေ၊ လက်ဖက် ရည်ဆိုင်ထိုင်တဲ့လူတွေနဲ့ စာရေးမတွေဆို ဒီဆီပူအိုးအတွက် မီးပြောင်းမှုတ် အဆင့် (၁)၊ (၂)၊ (၃)။ လျှောက်လွှာရေးစားတဲ့လူတွေနဲ့ အရည်မရ အဖတ် မရ စာမျက်နှာဖြုန်းတဲ့ စာအရိပ်၊ စာအယောင်တွေဆို စုံစမ်းရေးဌာန ဧည့် ကြို (၁)၊ (၂)။ ခဲဖျက်ကြိုက်တဲ့လူတွေနဲ့ သိုးမွှေးထိုးကျင့်တဲ့လူတွေဆို ကြက် ပေါင်စေးကြိုးကျစ်အဆင့် (၁)၊ (၂)။ မီးပြောင်းမှုတ်၊ ကြက်ပေါင်စေးကြိုး ကျစ်၊ ကျောက်ထင်းခွဲ အဲသလိုကို လူ့ဘဝက ဆိုင်ရာဆိုင်ရာအလုပ်နဲ့ နီး စပ်တဲ့အလုပ်တွေ ခွဲထားပေးတာကွာ။ လူ့ဘဝမှာ 'လေ' နဲ့လုပ်စားခဲ့တဲ့လူ တွေဆို မီးပြောင်းမှုတ်ပေါ့ကွာ။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော် ခန့်ထားတာ တဲ့ဗျား။ သြော်... မကြားချင်ဘူးတဲ့လား၊ ပျင်းသတဲ့လား။ နေစမ်းပါကွာ၊ ငါပြောချင်တာက ခုနက ရွက်ပုန်းသီးအမှုတွေဟာ ငါအရေးမယူလည်း ဖြစ် နေတာပဲလို့ ပြောပြချင်တာပါကွာ။ ငါ အရေးယူလည်း နောက်ဆုံး ကိုယမ လက် ရောက်ရမှာပဲ။ ဒီတော့ ငါက ဘာလို့များ ခေါင်းနောက်ခေါင်းရှုတ် ခံပြီး ဒီအလုပ်ကို လုပ်နေပါဦးမလားလို့...။
သြော်... အတ္တဆန်သတဲ့လား၊ သိကြားနဲ့မတန်ဘူးတဲ့လား။ ဒီမှာ မင်းသိဖို့က ငါက 'တာဝတိံသာ'က သုံးကျိတ်သုံးယောက်သော သိကြားထဲ က တစ်ယောက်သော သိကြားကွ။ ဆင်းရဲခြင်းကင်းသော နတ်ပြည်လို့ အဓိပ္ပာယ်ဖွင့်ဆိုခံထားရတဲ့ 'ယာမာ' က သိကြားမဟုတ်ဘူးကွ။ ငါ ခေါင်း ခဲတော့ ဇာတ်တူသား... အဲ...အဲ နာမည်တူ သကြားရေစင်လည်း မ သောက်ချင်ဘူး။ တစ်လုံးလေးကျပ်လောက်ရှိတဲ့ အယ်လ်နယ်ဂျက်ဆင် လည်း မသောက်နိုင်ဘူးကွ။ သင်္ကြန်ဆင်းတုန်းက ဝယ်ခဲ့တဲ့ ထန်းလျက်ခဲ လေးပဲ ရေဖျော်မော့နိုင်တာဟ၊ ဒါတောင် ခဏခဏ ခေါင်းခဲရင် မစားသာ ဘူးဟေ့။ မင်းတို့လူ့ပြည်လူ့ဈေးက 'စတုမဟာရာဇ်' နဲ့ ငါးမူးခရီးလောက်  နီးပါး နီးလာပြီမို့ ခဏခဏသွားဝယ်နိုင်ပေမဲ့ ငါပြောပါရောလား။ ယာမာ သိကြား မဟုတ်ပါဘူး။ တာဝတိံသာသိကြားပါလို့ဆို။
ကဲ... မင်း ဘာမေးချင်သေးလဲ၊ တကတည်း ငါကိုယ်တိုင်ကိုက ပြော ချင်နေတဲ့အချိန်ပါကွ၊ နားထောင်မယ့်နတ် မရှိလို့ဟေ့။ နားမထောင်ချင် ကြလို့တဲ့။ ခုတော့ ငါပြောချင်တာ ပြောရမယ့် မင်းတစ်ယောက် ခေါ်လိုက် မိပါတယ်။ မင်းမေးတဲ့မေးခွန်းတွေကိုက 'ခွ'ချည်းပဲ။ ဒါကြောင့်လည်း မင်း နဲ့ လူတွေနဲ့ မဖြစ်ပါဘူးဆိုပြီး မင်းကို ငါကြည့်ကြည့်နေတာ၊ ဟော မင်းက အဲဒီအရာရှိအလှူသွားစားလိုက်တာကိုး...။
ဘာလဲ ရှားရှားပါးပါး မင်းလိုအရာရာမွဲတဲ့ ငမွဲတစ်ယောက်တည်း ရွေး ဖိတ်တာမို့ ဝမ်းသာအားရ သွားမိတယ်ပေါ့ ဟုတ်လား။ အဲဒါပေါ့။ 'အစား မတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း'တဲ့။ မင်းကတော့ အစား မတော်ပေမဲ့ အသွားတော်သွားတယ် ခေါ်ရမှာပေါ့နော်။ ငါ့ဆီရောက်လာ တာကိုး။ သြော်... မင်းနှယ် ညံ့လိုက်တာကွာ၊ မင်းစားခဲ့တဲ့ အလှူရှင် အရာရှိကိုများ ရှာကြည့်နေသေးသတဲ့။ ဟကောင်ရ သူက အစာအဆိပ် ဖြစ်အောင် တမင်ဖန်တီးတဲ့လူမဟုတ်မှန်း ငါသိပါတယ်ကွ။ သင်္ဘောတစ် တန်၊ ကားတစ်တန်နဲ့ လာခဲ့တဲ့ မုန့်ဟင်းခါးဖတ်ပဲကွာ။ ပိုးရယ်မွှားရယ် ကပ် ပါတာ ဘာဆန်းလို့လဲ။ ဘာလဲ။ အဲဒီအလှူရှင်ကြီး ငါ့ဆီမရောက်လာတာ က ဆန်းသပေါ့လေ။
မင်းကွာ...။ အဲဒီလူ အလှူအတန်းရက်ရောမှန်း သဒ္ဓါစိတ်ကြီးမှန်း ငါသိသားပဲ။ ဒါပေမဲ့ ခက်တာက သူလှူတာက သူ့ထက်လှူနိုင်တဲ့သူတွေ ချည်းပဲကွ။ အေး မင်းကတော့ စုန်းပြူးပေါ့ကွာ။ ကျီးမည်းကြားက ဗျိုင်းဖြူ ပေါ့။ ထားတော့...။ အေးလေကွာ။ သူ့ထက်လှူနိုင်တဲ့သူတွေကို လှူမှ သူ့ကို အဲဒီလူတွေက ပြန်လှူမှာပေါ့။ သူ ပြန်အလှူခံလို့ရမှာပေါ့ကွ။ သြော်... သူလှူတာက ခဲဖွယ်ဘောဇဉ်၊ သူအလှူခံတာက အေး... အေး... မင်းပြောတဲ့ဟာကွာ၊ ငါလည်း သိပ်မခေါ်တတ်ပါဘူး။ ဝေါဟာရ တွေက ခဏခဏပြင်လွန်းလို့။ အဲဒါ အဲလိုမတူတော့ ဘာဖြစ်လဲကွ၊ တူ သောအကျိုးဆိုတာ ရေ ရေချင်း၊ ကွမ်း ကွမ်းချင်းမှ မဟုတ်ပါဘူးကွာ။ စိတ်ထားတတ်၊ လူနေတတ်တော့ ညောင်စေ့လောက်လှူပေမဲ့ ညောင်ပင် လောက် အကျိုးပေးတာကလား။ ကုသိုလ်လား၊ မရပေါင်ကွာ။ ဟ- အစ တည်းက အကျိုးလိုလို့ ညောင်ရေလောင်းပြီး ရေများရာ မိုးရွာတတ်တဲ့ လူ စားပဲကွ။ သူလိုရာ ပြန်မလှူနိုင်မယ့်လူတွေကို သူ့တစ်သက် ဘာတစ်ခု လှူဖူးလို့လဲ။ ကဲ သူ့လိုလူမျိုး ငါက ဘယ်လိုလုပ် ခေါ်လိုက်ရဲမှာလဲလို့။
ဟ- 'တာဝတိံသာ'မှာလည်း အီးစီ နဃရှိတာပေါ့ကွ၊ ငါ့ဆန္ဒနဲ့ငါ ထင်ရာ လုပ်လို့ ဘယ်ဖြစ်မှာလဲ။ ငါက ခေါ်လိုက်ပါပြီတဲ့။ မင့်လူက မတန်မရာ ရောက်လာတာမို့ ဧည့်စာရင်းပဲ ဖြစ်မှာကွ။ ကဲ- သူ့အတွက် ဆန်ကိုယ်တာ၊ ဆီကိုယ်တာ ဘာဘာညာညာကို ဘယ်သိကြား သူ့ပြဿဒ်ပေါ်တင်ပြီး ရှာ ပေးကျွေးမွေးနိုင်မှာတဲ့လဲ။ ဟ- သန်းခေါင်စာရင်းကောက်ရင်သာ နတ်ဦး ရေက နည်းတာကွ။ ဆီစာအုပ်မှာက မနည်းဘူး။ သူ့ဟာနဲ့သူ အလျင်မီပြီး သား၊ လည်ပတ်နေကျ။ ဘယ့်နှယ်လုပ် ပြင်လို့ရပါ့မလဲ။ အဲ သူကလည်း လူ့ကျင့်မပြင်ဘူး၊ မကုန်သေးဘူးဆို မခက်လားဟ။
အင်း... မင်းကတော့ စံပါပဲကွာ...။ မဖြစ်ချေပါဘူး။ မင်း ငါနဲ့ နေလို့လည်း မဖြစ်သေးပါဘူး။ မင်းပုံက လူ့ပြည်မှာလည်း အံဝင်ခွင်ကျမယ့် ပုံ တယ်မပေါ်ဘူးကွ။ ဘာပြုံးတာလဲ။ ငါပြောတာ ဟုတ်နေတယ်မဟုတ် လား။ ရှုပ်ပါတယ်ကွာ၊ မင်း ကိုယမဆီသွားမလား။ ငါ စာရေးပေးလိုက်မယ် လေ။ ဆိဂိုထောင်စောင့်အဆင့်(၂)လောက်တော့ ရနိုင်ပါတယ်ကွ၊ သွားစမ်း ပါ။ ဝမ်းသာဝမ်းနည်းကြီး ဖြစ်ပြမနေနဲ့။ အင်း-အဲ... ကိုယမကလည်း မင်းကို လိုချင်မှာ မဟုတ်ပါဘူးကွာ။ သူ့ဆီဂိုထောင်လည်း အစောင့်မလို တော့တာကြာနေမှပဲ။ မင့်လူ အရာရှိတောင် ရေနဲ့ပဲ ပြီးလိုက်ရမှာ။
အင်း... ခက်တော့ခက်တာပဲ။ တစ်ခုတော့ရှိတယ်ကွ။ ဘယ်နည်း နဲ့မဆို မင်းမိန်းမနဲ့ကလေးတွေကတော့ မင်းကို လိုချင်ဦးမှာ သေချာတယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် အချိန်လည်း သိပ်မနှောင်းလှသေးပါဘူး။ မင်း လူ့ပြည်ပဲ ပြန်သွား။ ဟုတ်ပလား။ ဟ...ဟ သိပ်မပြန်ချင်ပါလား။ နေပါ ဦးဟ။ငါ နတ်မြင်းကိုးကောင်ကတဲ့ ပန်းပေါင်းတစ်ရာရထားနဲ့ လိုက်ပို့ပါ့ မယ်ဟ။ နေစမ်းပါဦးကွာ။ ကြုံတုန်းလေး လူကြုံလေးများ ပါးပါရစေဦး။ ဟိုးတစ်နှစ်က ပြုပြင်ဖို့ ပန်းတိမ်အပ်ထားတဲ့ ငါ့ဝရဇိန်မိုးကြိုးလေး ကြုံရင် ရွေးပေးထားစမ်းပါကွာ။ ဒီနှစ်သင်္ကြန်မှ ငါဝင်ယူပါ့မယ်။ အဲ- အဲ ရော့၊ ကျုတ်ထဲ သေချာထည့်သိမ်းထားတဲ့ ဘောက်ချာလေး။ သေသေချာချာ ယူ သွားပေးပါဦးကွာ။ ကျေးဇူးပါပဲ။
x x x
''ကျေးဇူးပါပဲ ဆရာရယ်၊ ဆရာပေးတဲ့အသက်ပဲ ရှိပါတော့တယ်၊ ဒီ အချိုရည်ပုလင်းတွေသာ အချိန်မီမသွင်းလိုက်နိုင်ရင်တော့ မတွေးရဲပါဘူး ဆရာရယ်၊ ဆရာ ကယ်တာပါပဲ''
မပီဝိုးဝါးအသံအချို့နှင့် မပီဝိုးဝါးမျက်နှာအချို့ကို လှမ်းမြင်ရသည်။ လူ့ပြည်ဟုတော့ မပီဝိုးဝါး ထင်မိလေသည်။
''ဟော... သတိရလာပြီ၊ သတိရလာပြီ၊ အစ်ကို... အစ်ကို''
''ကိုဖိုးသ... အဲ- ကိုဖိုးသကြား၊ သတိရပြီနော်''
''အင်း...''
လူ့ပြည်ပြန်ရောက်နေသည်မှာ သေချာပြီ။ သကြားရည်ပုလင်းနှင့် ပိုက် ဆက်မထားဘဲ အားလပ်နေသောလက်ထဲမှာတစ်စုံတစ်ခုကို ခပ်တင်းတင်း ဆုပ်ထားမိကြောင်း သတိထားမိလေသည်။ စာရွက်တစ်ရွက်။ ဘောက်ချာ တစ်ခုမဟုတ်ပစေနှင့်ဟု ဆုတောင်းရင်း မပီဝိုးဝါးမျက်လုံးများနှင့် စာသား အချို့ကို ကြိုးစားဖတ်ရန် ကိုဖိုးသကြား အားလပ်နေသောလက်ကို လှုပ်ရှား ဆန့်တန်းလိုက်သည်။
မသီတာ(စမ်းချောင်း)

1 comment:

  1. ပစ်ရှာမယ့် ၀ရဇိန်ငယ် ပန်းထိမ်မှာ ပြင်တုန်းထင့်လေး ... ဆိုတာ တစ်ကယ်ပါလား လို့ ...

    ReplyDelete