Tuesday 1 November 2011

စိတ်ချရသော အနတ္တ

ဆက်မထွက်တော့ဘဲ ဂိတ်ထိုးရပ်နားမည့်ကားလေလားဟု ကားပေါ် မှ စိတ်အေးလက်အေးဟန်နှင့် ထိုင်နေသည့် အမျိုးသမီး၊ ကားဂိတ်ရုံနားမှာ ရှင်းလင်းကျဲတောက်နေသော လူအနေအထားနှင့် ကားဂိတ်ညောင်ပင် အောက် လက်ဖက်ရည်ဆိုင်၏ ရှင်းနေသော စားပွဲဝိုင်းကို ကျောခိုင်းထိုင် ရင်း ကားစောင့်တတ်သောသူအရေအတွက်အနည်းငယ်တို့ကို အကဲခတ် ရင်း တွေးလိုက်မိသည်။
''ကဲ...ကဲ ရွှေတိဂုံ... ရွှေတိဂုံ...ထွက်မယ်နော်၊ ထွက်မယ်၊ တက်ထားကြ၊ တက်ထားကြ''
လက်ဖက်ရည်စားပွဲဝိုင်းတစ်ခုမှ ထွက်ပေါ်လာသောအသံကြောင့် အမြင်အားဖြင့် အားမရှိလှသည့် ကားလေးပေါ်သို့ တက်ကာထိုင်လိုက် သည်။ ဘယ်သူမှလည်း ထပ်တက်မလာကြသေး။ ကိုးထပ်ကြီးဂိတ်ဆီမှ လည်း ဂိတ်ပြန်ထိုးမည့်ကား ထွက်လာသည်ကို မတွေ့ရသေး။ ကားက လေး ဘီးလုံး ရပ်၊ စက်သတ်ရုံမက ကားမောင်းသူရော လက်မှတ်ရောင်းပါ ရေ နွေကြမ်းမော့နေကြတုန်းဆိုတော့ တကယ့်ကို အေးအေးဆေးဆေးစီးရမည့် ကားဟု သဘောပေါက်မိသည်။ လော စရာအကြောင်း လည်းမရှိလှ၍ရတောင့်ရခဲနေရာ ရထားခိုက် နေရာအရသာခံ ရင်း တောင်တောင်မြောက် မြောက် ငေးမော ကြည့်နေမိသည်။
''ဟင်... ဟိုမှာ မီးခိုးလုံးကြီးတွေ''
''ဟာ... ဟုတ်တယ်ဟေ့၊ မီးလောင်နေတာ ထင်တယ်''
ဆင်မလိုက်မှာတဲ့''
''တော်တော်ကြာနေပြီဆိုပဲ၊ မီးခိုးတွေကလည်း ပိုပိုများလာသလိုပဲ''
''မီး တဲ့၊ မီး တဲ့၊ မီး...''
x x x
ရန်သူမျိုးငါးပါးအနက် အဆိုးဝါးဆုံးရန်သူ။ ပစ္စည်းရှိသူ၊ မရှိသူ၊ ပညာ ရှိသူ၊ မရှိသူ၊ မည်သူမည်ဝါရယ်ဟူ၍ ထောက်ညှာခြင်း အလျဉ်းမရှိသည့် ထိုရန်သူ။ ထိုရန်သူနှင့်ကြုံရလျှင်...။
မီးခိုးလုံးတွေက စမ်းချောင်းဘက်က တက်လာတာဆိုရင်ရော၊ ခုနက ဈေးသည်ကလေး လမ်းကြားထဲက ခပ်သုတ်သုတ် ထွက်လာပြီး ဆိုက်ကား ငှားစီးသွားသည့် အမျိုးသမီးထက် ပိုပြီး ဣနြေ္ဒရရ အိမ်ပြန်ဖြစ်မှာလား၊ ဘယ်လိုနေမိမည်လဲ။
''အိမ်'တဲ့၊ ပစ္စက္ခကာလမှာ သက်မဲ့တွေထဲ တန်ဖိုးအထားနေရဆုံး အရာဟာ သည် 'အိမ်'ပဲ ဖြစ်နေသည်။ ခုတလော အသစ်အသစ် ပေါ်ပေါ် လာသည့် အိမ်ခန်းတွေ၊ အိမ်တွေကိုကြည့်ရင်း စိတ်တိုင်းကျ သပ်သပ်ရပ် ရပ်၊ လုံလုံခြုံခြုံ၊ သိုက်သိုက်ဝန်းဝန်း၊ ကျစ်ကျစ်လျစ်လျစ်ရှိမည့် အိမ်လေး တစ်လုံးကို တောင့်တနေ တတ်သည်။ လက်ရှိနေနေရသည့် အိမ်ကို တယ် ဘဝင်မကျချင်တော့။ သည်အိမ်နေရာမှာ စိတ်တိုင်းကျ အိမ်လေးတစ်လုံး ဖြစ်လာစေလိုစိတ်တွေကလည်း ရှိနေပြန်သည်။
သို့သော်...။
ခုလို... ခုလို ခေတ်မမီတော့ရုံ၊ သက်တမ်းရှည်ရုံ ဘဝင်မကျတော့ ရုံနှင့် လက်ရှိမပျက်စီး၊ မယိုယွင်းသည့်အိမ်ကလေး မျက်စိရှေ့မှာ ဘာဆို ဘာမှ မတတ်နိုင်ဘဲ ယိုယွင်းပျက်စီးပျောက်ဆုံးသွားပြီးမှ အိမ်သစ်တစ်လုံး ပြန်ရမည်ဆိုသည့် အဖြစ်မျိုးကိုတော့ လက်မခံနိုင်။ လက်ခံရန် အင်အား မရှိ။ ထိုအခါမှာ ပြန်ရမည့် အိမ်သစ်ဆိုသည်ကရော စိတ်တိုင်းကျ အိမ် လေးတစ်လုံး ဖြစ်လာမှတဲ့လား။ ဘယ်သူက ဘာမခံနိုင်မှာတဲ့လဲ။
အို... မီးခိုးလုံးတွေမှ အရောင်မဖျော့၊ ထုထည်မလျော့ခင် ဘာ ကြောင့် နောက်ထပ် အိမ်အသစ်လေးတစ်လုံး ဆိုသည်ထိ အတွေးနယ်ချဲ့ နေမိရသလဲ။
ခုချိန်မှာ အဲသည်မီးဘေးသင့်လူထုကဖြင့် ခိုကိုးရာမဲ့၊ ကြံရာမဲ့နှင့် ဗျာများယောက်ယက်ခတ်နေလေရော့မည်။
သူတို့ဘယ်နှစ်နှစ်၊ ဘယ်နှစ်လက ဘယ်မျှ ကျားကုတ်ကျားခဲ စုဆောင်း ရှာဖွေ တည်ဆောက်ခဲ့ရသည့် အိမ်ကလေးတွေလဲ၊ သူတို့ သူတို့၏ ဘယ် ရွေ့ဘယ်မျှ အစားထိုးမရနိုင်အောင် တန်ဖိုးကြီးသံယောဇဉ်ရှိ ရသည့် အိမ် လေးတွေလဲ။
ခုတော့ သည်အိမ်ကလေးတွေဟာ နာရီပိုင်းမှာတင် ပျောက်ဆုံးသွား ပေါ့။ ပျက်စီးသွားပေါ့၊ ထင်းဖြစ်နေတဲ့အိမ်တိုင်၊ သံချောင်းဖြစ်သွားတဲ့ တံခါး၊ မီးသင့်အုတ်ဖြစ်နေတဲ့ နံရံ၊ အမှုန်အမွှားဖြစ်သွားတဲ့ အိမ်မိုးဓနိ၊ တစ်ပိုင်း တစ်စ ပျက်စီးနေတဲ့ ပရိဘောဂတချို့၊ မီးရှိန်အပူ၊ စားရေးဝတ်ရေးထက် ခက်ခဲတဲ့နေရေးအတွက် တွေးပူတဲ့အပူ။ မီးငြိမ်းရေလုံးများ၊ သောကငွေ့ပျံ မျက်ရည်ပူလုံးများ။
အားလုံးပြီးသွားတဲ့အခါ ကမ္ဘာပျက်ပြီးစ မြေပြင်မှာလို ဖရိုဖရဲ မီးကျွမ်း မြေကြီးပေါ်မှာ ကမန်းကတန်း ရသလိုထုပ်ပိုးသိမ်းဆည်းရယူထားတဲ့ ပရိ ဘောဂ အသုံးအဆောင်ပစ္စည်းအချို့အဝက်နှင့် မိသားစုဝင်တွေ သို့မဟုတ် ကျန်ရစ်သူမိသားစုများ ဘယ်မှာလဲ အိမ်။ ဘယ်မှာလဲ မြေ။ ဘာကို ယုံ ကြည်ရမလဲ။ ဘာကို မျှော်လင့်ရမလဲ။
အနတ္တ။ အစိုးမရခြင်းတဲ့။ သည်အနိစ္စမျိုးက မြန်သလောက် သည် ဒုက္ခကလည်း ကြီးလှချည့်။
မကြုံဖူးသည့် အတွေ့အကြုံတစ်ခုကို စိတ်ကူးပုံဖော်ကြည့်သည့်အခါ မှာတောင် သည်မျှကျောချမ်းဖို့ကောင်းနေပြီဆိုတော့။ ကိုယ်ချင်းစာပါသည် လို့လည်း သုံးမရနိုင်။ ကိုယ်ချင်းစာတတ်ဖို့ကိုလည်း အကျောက်အကန် ငြင်း ပါရစေ။
တစ်ခါက ရေးခဲ့ဖူးသော 'မြေ' ဝတ္ထုထဲမှ စာပိုဒ်တစ်ပိုက်ကို သတိရ သွားမိသည်။
'မိမိ၏ ရင်းမြစ်စိတ်ကပင် ရေထဲမှာ၊ လေထဲမှာ နေရခြင်းကို ဝမ်းနည်း အားငယ်တတ်ပြီး မြေပေါ်မှာ ခြေချရသည်နှင့် ကြည်နူးစိတ်ဖြင့် လုံခြုံ အားတက်နေပြန်လေသည်' တဲ့။
ခုလို အဖြစ်မျိုးနှင့် ကြုံနေရသည့် သို့မဟုတ် ကြုံခဲ့ပြီးသည့်အချိန်မျိုး မှာ ရေးဖြစ်ခဲ့လျှင်တော့ ခုလိုမှ ရေးဖြစ်ပါဦးမည်လား။
'လုံခြုံမှု' တဲ့။ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးရာအရပ်သည် လုံ ခြုံရာအရပ်ဟု ဆိုခဲ့လျှင် ကမ်းနားရပ်ကွက်က လူတွေကဖြင့် မီးသင့်တဲ့ အချိန်မှာ သူတို့ဘဝလုံခြုံရေးအတွက် ဘယ်ကိုသွားကြမှာလဲ။
'ရေ' ။ 'ရေ'နှင့်အနီးလေးမို့ ရသမျှရေထဲရှိလှေထဲကို ပြေးကြမည်လား။ ဒါဆို သူတို့အဖို့ 'မြေ'ဟာ ရေလောက် စိတ်မချရပြီပေါ့။ မှားယွင်းခဲ့သည် လား။ မြေကို စိတ်ချယုံကြည်ခဲ့ခြင်းဟာ မှားယွင်းနေပြီလား။
အို... 'ရေ'ဆိုတာရော ဘယ်လောက်ထိ စိတ်ချယုံကြည်ရမှာတဲ့လဲ။ ဒါဖြင့် ကာတွန်းထဲကလို မိုးပျံပူဖောင်းချိတ်ထားတဲ့ အိမ်နဲ့ နေမယ်ဆိုရင် ရော ဘယ်လောက်ထိ လုံခြုံစိတ်ချနိုင်ရမှာတဲ့လဲ။ 'လေ' ထဲမှာ နှုတ်သီးနဲ့ ငှက်တွေနေတတ်တာပဲ။
ရယ်ချင်မိပြန်သည်။ ဘာဖြစ်နေတာလဲ။ ဘာကိုမှ မယုံကြည်စိတ်မချ နိုင်နဲ့။ အတွေးတွေကိုသာ ဟောဟိုက မီးခိုးလုံးတွေ၊ မီးတောက်ကြီးတွေ ကြားက လူတွေကြားလျှင် ငိုချင်သည့်ကြားကပင် ရယ်ချင်မည်လား။ လည် ပင်းပဲ ဝိုင်းညှစ်ကြမည်လား။
တကယ်တော့လည်း အရာရာဟာ ဘယ်မှာလာပြီး လုံခြုံနိုင်မှာတဲ့လဲ။ဒါကြောင့်လည်း...။
အင်းလေ...စိတ်မချတတ်တဲ့။ မယုံကြည်တတ်တဲ့ ဒီÓဉ်တွေကို ဖျောက်တန် သလောက် ဖျောက်ရဦး မှာပါလေ။
ဒါဆို ''ဘာကိုမှ စိတ်မချ၊ မယုံကြည်၊ မလုံခြုံသလို တွေးတတ်နေခြင်း မှာ အသားကျနေပြီဖြစ်သည့် 'မြေ'ကိုလည်း 'ရေ'နှင့် 'လေ'နည်းတူသာ ယုံကြည်တတ်နေပြီဖြစ်ကြောင်း၊ သို့သော်လည်း...'' စသဖြင့် ဝတ္ထုတစ် ပုဒ်လောက် ထပ်ရေးရလျှင်ရော...။
x x x
ကားပေါ်မှာ လူတော်တော်များနေပြီ။ ထွက်သင့်ပြီပဲ။
''ကဲ... ကဲ၊ လိုက်မယ်ဆိုမြန်မြန်လေး... သွားတော့မယ်''
လက်မှတ်ရောင်းထံမှ နှိုးဆော်သံကြားရပြီ၊ ထွက်ခါနီးပြီဟု စိတ်ချစွာ ကျေနပ်သွားသည်။
''ကဲ... ယောက်ျားလေးတွေ လုပ်အားပေးပါဦးဗျာ၊ ခဏလောက် ဆင်းလိုက်ပါဦး၊ တွန်းလိုက်ရအောင်''
ဘာကြောင့်ရယ်မသိ၊ ရယ်ချင်လာပြန်လေသည်။
မသီတာ(စမ်းချောင်း)

No comments:

Post a Comment