Thursday 17 November 2011

တစ်ကံ

သားက ကံမကောင်းဘူးခင်ဗျ။ တကယ်ပါဗျာ။ မေမေတို့ကလည်း ပြောတာပဲ။ ကိုကိုကြီးတို့၊ မမကြီးတို့ ငယ်ငယ်က သားထက်ကံကောင်းကြ တယ်ခင်ဗျ။ မေမေ့နို့လည်း ပိုစို့ရတယ်။ မုန့်တွေဆိုလည်း အများကြီးစားရ တယ်။ အင်္ကျီဘောင်းဘီသစ်သစ်တွေလည်း အားကြီးရတယ်။ ကစားစရာ တွေလည်း အစုံပဲ ဆော့ဖူးတယ်တဲ့။
သားလက်ထက်ကျမှ မေမေကလည်း နို့သိပ်မထွက်တော့ဘူးတဲ့။ မုန့် ဆိုလည်း သား နည်းနည်းပဲ စားရတယ်။ အင်္ကျီဘောင်းဘီသစ်သစ်လည်း သိပ်မဝတ်ရဘူး။ ကိုကိုကြီးအင်္ကျီတွေပဲ ဝတ်ရတာ။ ကစားစရာဆိုလည်း အဟောင်းတွေပဲရှိတယ်။
ဒါပေမဲ့ ခုလောလောဆယ်မှာတော့ သားက တခြားဟာတွေမလိုချင် ပါဘူး။ သံဂေါ်လီလေးတစ်လုံးပဲ လိုချင်တယ်။ 'ခေါင်'ထိအောင် ပစ်တတ်  ချင်တယ်။
သားမှာ သူငယ်ချင်းတွေအများကြီးပဲရှိတယ်ခင်ဗျ။ ဗညားရယ်၊ ဇော် ငြိမ်းရယ်၊ ရဲရင့်ရယ်၊ ဇာနည်ရည်၊ ဝေမာန်ရယ်၊ နေထွဋ်ရယ်၊ မိုးသူရရယ် လေ။ အဲဒါတောင် လမ်းထဲက သူငယ်ချင်းတွေ မပါသေးဘူးနော်၊ ကျောင်း က သူငယ်ချင်းတွေပဲ ရှိသေးတယ်။
သားတို့ကျောင်းမှာက မြေကြီးတွေရှိတယ်လေ။ အိမ်ကမြေကြီးလို မ ဟုတ်ဘူးခင်ဗျ။ြ<ွကင်းစိမ်ကစားလို့သိပ်မကောင်ဘူး။ြ<ွကက်တွင်းတွေရှိတာ ကိုး။ သားတို့အားလုံးကြ<ွကက်တွင်းဆို သိပ်မုန်းပဲခင်ဗျ။ြ<ွကက်တွင်းတွေ ကလည်း များသလားမမေးနဲ့ဘဲ။ သားတို့တွေက မြေကြီးတွေြ<ွကက်တွင်းထဲ ထည့်ပြီး ဖနောင့်နဲ့ ပေါက်ပေါက်ပစ်တာ။ ဒါမှ ဂေါ်လီပစ်လို့ ကောင်းမှာ လေ။ အဲလိုမလုပ်ရင် သားတိြု့<ွကင်းစိမ်တဲ့ဂေါ်လီတွေက အဲဒြီ<ွကက်တွင်းထဲ ဝင်ဝင်သွားပြီး အကြာကြီး ပြန်ရှာရတာ။
ဟိုးတစ်ခါကတော့ ဝေမာန့် ဖန်ဂေါ်လီအသစ်စက်စက်လေးလေြ<ွကက် တွင်းအကြီးကြီးထဲ ဝင်သွားတာ ပျောက်သွားရော။ ဝါးခြမ်းပြားနဲ့ ပြန်တူး ပြီး ရှာတာ မတွေ့တော့ဘူး။
နောက်တော့ ဝေမာန်က သိပ်ဒေါသကြီးတာ၊ြ<ွကက်တွင်းကိုရော၊ြ<ွကက် မြင်ရင်ရော ဖနောင့်နဲ့လိုက်ပေါက်တာပဲ။ သားကတော့ြ<ွကက်ကိုလည်း မုန်း တယ်။ ကြောက်လည်းကြောက်တယ်။ြ<ွကက်က ကျွိကျွိ ကျွိကျွိနဲ့ သားခြေ ထောက်ပေါ်ကနေ တစ်ခါဖြတ်ပြေးဖူးတာ။ အား... သားဖြင့် ကလုကလု ဆိုပြီး မေမေပြန်လုပ်ပေးတာတောင် ရင်ဘတ်ကြီး ဒိန်းဒိန်း ဒိန်းဒိန်းဖြစ်ပြီး ကြောက်သွားတာပဲ။
အဲဒါကြောင့်ပေါ့၊ သားက အရုပ်ပစ်တမ်းပဲ ကစားကြတော့တာ။ြ<ွကက် တွင်းက သားတို့မကစားခင် မြေကြီးထည့်ထားပြီးရင်လည်း သားတို့ဖြင့် မပြီး သေးဘူးြ<ွကက်က နောက်မြေကြီးကို ဖောက်ပြီးြ<ွကင်းထပ်လုပ်ပြီးနေရော။ အား...လားလား တော်တော်ဆိုတြဲ့<ွကက်စုတ်။ ခုတောင် သတ်ပစ်ချင် လာပြီ။
'အရုပ်ပစ်တမ်း' ကစားရတာ ကောင်းတော့ကောင်းပါတယ်။ သံဂေါ်လီ မလိုတော့ဘူးပေါ့။ြ<ွကင်းခုနစ်ြ<ွကင်းပြည့်ရင် တခြားလူရဲ့ဂေါ်လီကို ထုလို့ ရတယ်ဗျ၊ အရုပ်ပစ်တမ်းက အရုပ်ပဲရတာ။ သံဂေါ်လီနဲ့ပစ်ရင် ဟိုကောင် အရုပ်ကို မထိမှာ။ သူများဂေါ်လီကို ထုရမှ သံဂေါ်လီသုံးရင် 'ပီ'တာဗျ။ သားမှာက ဖန်ဂေါ်လီအပြာလေးနဲ့ ရိုးရိုးဂေါ်လီနှစ်လုံးပဲ ရှိတာ။ မိုးသူမှာ ဆို ဖန်ဂေါ်လီ သုံးလုံး၊ ရိုးရိုးဂေါ်လီ နှစ်လုံး၊ သံဂေါ်လီက တစ်လုံးတောင် ရှိတာ။ ဒါပေမဲ့ 'အရုပ်ပစ်တမ်း' ပဲ ကစားကြတာဆိုတော့ ရိုးရိုးဂေါ်လီပဲ ကောင်းပါတယ်။
သားက ကံမကောင်းဘူး။ ဂေါ်လီအကောင်းစားလည်း မရှိဘူး။ လက် ကလည်း သိပ်မဖြောင့်ဘူးဗျ။ အဲဒီတော့ 'အရုပ်ပစ်တမ်း' ကစားရင် သား ရှုံးတာချည်းပဲ။ နောက် တစ်ခါမှလည်း 'ခေါင်' မထိဘူး။ ဟင် 'ခေါင်း' လည်း မထိပါဘူး။ 'ဂုတ်'လည်း မထိပါဘူး။ 'ခေါင်'ထိရင် အားလုံးစားရ တယ်ဗျ။
သားတို့ သူငယ်ချင်းတွေအားလုံးကစားကြရင် 'ခေါင်' ထိလို့ကတော့ အရုပ်ရှစ်ရုပ်ရတာပဲ၊ တစ်ရုပ်ကြေးဆိုတော့ ခုနစ်ရုပ်ကြီးတောင် မြတ်တယ် ဗျ၊ 'ခေါင်' နောက်က 'ဂုတ်' လေ။ အဲ... ဂုတ်ဆိုတာ ခုနစ်ရုပ်ရတာပဲ။ ဒါလည်း ခြောက်ရုပ် မြတ်တာပဲ။
ဒါပေမဲ့ သားကလည်း ဘိတ်ကကောင်တွေလောက်ပဲ ထိဖူးတာ။ ဘာ လုပ်ရမှာလဲ။ မြတ်လည်း သိပ်မမြတ်ဘူး။ နောက် ခေါင်တို့ ဂုတ်တို့လို လည်း အရုပ်လှလှ မရဘူး။
ရဲရင့်နဲ့ ဇာနည်ကဆို သိပ်လက်ဖြောင့်တာ။ ဒီကောင်တွေက သူတို့ အိမ်မှာလည်း အရုပ်ပစ်တမ်း ကစားတာပဲတဲ့။ သူတို့အစ်ကိုတွေဘာတွေ နဲ့ အမြဲကစားတာဆိုတော့ လက်က သိပ်ဖြောင့်ပဲ။ တွစ်တွေဘာတွေလည်း သိပ်ကောင်းတာပဲဗျ။
ပြီးတော့ နေရာယူလည်း သိပ်တော်တာ။ အဝေးကြီးကိုလှမ်းပစ်ပြီး အ ရင်ဆုံး ပစ်ရအောင်လုပ်ထားတာ။ သားတို့ ဗညားတို့၊ ဇော်ငြိမ်းတို့က လက် သိပ်မဖြောင့်တော့ သိပ်ဝေးဝေးမပစ်ရဲဘူးဗျ။ နေထွဋ်ကလည်း လက်ဖြောင့် တာပဲ။ ဒါပေမဲ့ ရဲရင့်တို့လောက်တော့ အဝေးကြီးမှာနေရာမယူရဲဘူးတဲ့။ သူက ကျောင်းမှာပဲ ကစားရတာဆိုတော့ သိပ်အကျင့်မရှိဘူးလေ။ ရဲရင့် နဲ့ ဇာနည်က အစ်ကိုကြီးတွေနဲ့ပါ ကစားဖူးတော့ အဲလောက်အဝေးဆို အပျော့ပဲတဲ့။
ဒါကြောင့်ပေါ့ ခေါင်ဆိုရင် ရဲရင့်နဲ့ဇာနည်ပဲထိတာ။ နေထွဋ်က တစ် ခါတစ်ခါမှ ရဲရင့်တို့မထိဘဲ လွတ်ပြီး ကျန်မှ ထိတတ်တာ။ ဒါတောင် ဂုတ် လောက်ပဲ ထိတာ။ နောက်ပြီး နေထွဋ်က အေးလည်းအေးတယ်။ သားလို လည်း မဟုတ်ဘူး။ သူရှုံးရင် သိပ်မငိုတတ်ဘူး။
ဗညားတို့လည်း လောဘမကြီးဘူး။ ဟင်း... ရဲရင့်ကတော့ လောဘ လည်းကြီးတယ်၊ ဒေါသလည်းကြီးတယ်၊ လက်လည်းဖြောင့်တယ်။ ပြီးတော့ သူက တီဗွီထဲက ဟိုလေ 'ဟတူဟ'ထဲက မင်းသားကို သိပ်သဘောကျ တော့ သူ့ကို သားတို့က 'လောဘဝက်နာ'လို့ ပြောင်းပြီးခေါ်ကြတယ်။ အဲ လိုခေါ်ရအောင် သူ့အစ်ကိုကြီးပဲ သားတို့ကို သင်ပေးတာ။ သူ့ကို အဲလို ခေါ်တိုင်း သူနဲ့သူ့အစ်ကိုကြီးနဲ့ ရန်ဖြစ်တာပဲ။
ဒါပေမဲ့ ဒီနေ့ကစားတော့လည်း ရဲရင့်ပဲ နိုင်နေတာပဲ။ ကျောင်းမတက် ခင်က နှစ်ပွဲကစားတာ ရဲရင့်က ခေါင်စားပြီး ကျန်တဲ့ခေါင်ကိုတော့ မိုးလု စားသွားတယ်။ ကျန်တဲ့ သားတို့တွေကတော့ နှစ်ရုပ်စီရှုံးသွားတာပေါ့။ အဲ မိုးလုလည်း တစ်ရုပ်တော့ ရှုံးသေးတာပဲ။
မုန့်စားဆင်းတော့ သားတို့ မုန့်ကို အမြန်အမြန်စားကြတာပေါ့။ နောက် အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ကွင်းထဲပြေးကြတယ်။
ပထမပွဲမစခင် အရုပ်စစ်ဖို့ လူရွေးမယ်ပြန်ဖြစ်ရော။ မနက်ကဟာကို ဖျက်လိုက်ပြီလေ။ မနက်ကအတိုင်းဆို နာဦးမှာ။ အရုပ်ပစ်ရမယ့်လူက ဇာ နည်ဗျ။ သူပြီးရင် ဝေမာန်၊ နောက် ရဲရင့်၊ ရဲရင့်ပြီး မိုးလု၊ ပြီးမှာ ဗညား၊ သား၊ နေထွဋ်၊ နောက်ဆုံးက ဇော်ငြိမ်း။
ခုနေ့လည် ပြန်ရွေးဖို့ အုတ်နံရံကို ကပ်ပစ်ကြတော့ သားက လောပြီး ပစ်လိုက်တာ နံရံကိုထိပြီး ပြန်လိမ့်ထွက်လာလို့ တတိယဖြစ်သွားတယ်။ နံရံနဲ့အကပ်ဆုံး ပထမပစ်ရမယ့်သူက ရဲရင့်။ ပြီး ဇော်ငြိမ်း၊ သား၊ ဇာနည်၊ နေထွဋ်၊ဗညား၊ ဝေမာန်၊ မိုးလု။ ဇော်ငြိမ်း နည်းနည်းကျေနပ်သွားတယ်လေ။
သူ့ဂေါ်လီလေးကို ဘောင်းဘီစနဲ့ အပြတ်သုတ်နေတယ်။ မိုးလုကတော့ စိတ်ညစ်တဲ့ပုံနဲ့ အရုပ်တန်းထိပ်နားမှာရပ်ပြီး ဂေါ်လီဖမ်းပဲ လုပ်တော့မလို နဲ့။
ပထမပွဲမှာ နေရာယူတော့ သားက သိပ်ဝေးဝေးက ပစ်ရင် လွဲမှာစိုး လို့ အလယ်အလတ်လောက်ပဲ နေရာယူလိုက်တာ။ ပထမနေရာယူတဲ့ ရဲရင့် က ခပ်ဝေးဝေးပစ်ပြီး ခေါင်စားသွားရော။
နောက်ပွဲမှာ ဇာနည် ခေါင်စားတယ်။ နောက်ပွဲကတော့ မျှတယ်။ ဇော် ငြိမ်း သုံးရုပ်၊ နေထွဋ် သုံးရုပ်၊ ဗညား နှစ်ရုပ်ရတယ်။ နောက်သုံးပွဲ ထပ် ကစားတော့လည်း ကျန်တဲ့လူတွေပဲ ခေါင်စားလိုက်၊ သုံးရုပ်တို့ လေးရုပ်တို့ စားလိုက်နဲ့ သားကတော့ နှစ်ရုပ်ပဲ စားရသေးတယ်။
ဒီနေ့အဖို့ သားအရုပ်တွေအများကြီး ရှုံးနေတယ်။ ကျောင်းကလည်း ပြန်တက်တော့မယ်။ ဒီပွဲက နောက်ဆုံးပွဲပဲ ဖြစ်မယ်။ ဒီတစ်ခါတော့ သား ခေါင်ထိချင်တယ်။ ဒါမှ သိပ်မရှုံးမှာ။
နောက်ပြီး တစ်ခါတလေည်း သားက ခေါင်ထိတယ်။ ခေါင်ထိအောင် ပစ်နိုင်တယ်ဆိုတာ ပြချင်တာပေါ့။ ဘုရား... ဘုရား... ဘုရားသိကြား  အားလုံးမလို့ ဒီတစ်ခေါက် သားခေါင်ထိပါစေဘုရား။ ခေါင်ထိပါစေ။
အရေးထဲမှာ လက်ကချွေးတွေ ထွက်လာလို့ ဂေါ်လီရော၊ လက်ရော ဘောင်းဘီစနဲ့ အကြာကြီး ပွတ်လိုက်ရတယ်။ ဟော... ခေါင်းလောင်း ထိုးတဲ့လူကြီး ခေါင်းလောင်းသွားယူနေပြီ။ ဟာ ပထမနဲ့ဒုတိယပစ်မယ့် ရဲရင့် နဲ့ မိုးလု မြန်မြန်ပစ်တော့ကွာ။
ဟင်... ခေါင်းလောင်းလည်း ထိုးသွားပြီ။ ပွဲလည်းပြီးပြီ။ သားလည်း ခေါင်ထိလိုက်တယ်။ ဒါပေမဲ့ ရဲရင့်က ဂုတ်ထိပြီး အရုပ်ခုနစ်ရုပ်လုံး စား သွားပြီလေ။ မိုးလုပစ်တာမထိလို့မို့ သားက ခေါင်ထိလိုက်တာ။
ဘုရားမှာ ဆုတောင်းတာ လိုသွားလားမသိဘူး။ ခေါင်တော့ ထိလိုက် တာပဲ။ အရုပ်ကတော့ တစ်ရုပ်ပဲ ရတယ်ဗျာ။ အဲဒါကြောင့် ပြောတာပေါ့ ဗျ။ သားက ကံမကောင်းပါဘူးလို့။
မသီတာ(စမ်းချောင်း)
စံပယ်ဖြူမဂ္ဂဇင်း၊

No comments:

Post a Comment