Labels
- ပင်မစာမျက်နှာ
- ၀တ္ထုတို
- ဆောင်းပါး
- ရသစာစုသစ်များ
- ဘာသာပြန်ဝတ္ထုတို
- Teen Magazine
- မသီတာ(စမ်းချောင်း)
Showing posts with label Teen Magazine. Show all posts
Showing posts with label Teen Magazine. Show all posts
Sunday, 22 July 2012
Wednesday, 18 July 2012
ပုံနှိပ်စာမျက်နှာ နှင့် ဖန်သားပြင်စာမျက်နှာ မီဒီယာအားပြိုင်ဆွေးနွေးပွဲ...(ဖူးငုံဆယ်ကျော်သက် TEEN MAGAZINE)
ခုတစ်လော ကျွန်မတို့ရဲ့ ဖူးငုံ ဆယ်ကျော်သက် magazine ကနေ လူငယ်များအတွက် အဓိက ရည်ရွယ်ပြီး သုံးလတစ်ခါ..လေးလတစ်ခါ ..ပွဲလေးတွေ စီစဉ်ပြုလုပ်ပေးလျက်ရှိနေပါပြီ..။ ပထမအကြိမ် ဖူးငုံရဲ့  ၉နှစ်မြောက်နှစ်ပတ်လည် အမှတ်တရအနေနဲ့ စက်တင်ဘာ ၂၀၁၁ မှာ တစ်ကြိမ်၊ ဇန်န၀ါရီ ၂၀၁၂ မှာတော့ “လွပ်လပ်မှု..ငြိမ်းချမ်းရေးနှင့် အနုပညာ ဆွေးနွေးပွဲ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒုတိယအကြိမ်အဖြစ်ကျင်းပပေးခဲ့ပြီးပါပြီ။ ခုလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနေနိုင်တဲ့ စာပေမီဒီယာတစ်ခု ဖြစ်ထွန်းရေးအတွက်ရော..၊ကျွန်မတို့နိုင်ငံရဲ့  လက်ရှိမီဒီယာလောကကို ထင်ဟပ်စေမယ့်ဆွေးနွေးပွဲလေးတစ်ခုကို ဖန်တီးချင်တာရောကြောင့်ပါ ဖူးငုံဆယ်ကျော်သက်ရဲ့ အယ်ဒီတာ တစ်ဦးဖြစ်တဲ့ စာရေးဆရာမ မသီတာ(စမ်းချောင်း)နဲ့ အတူ ပူးပေါင်းစီစဉ်ခဲ့ကြပါတယ်..။
တိုးတက်ပြီး နည်းပညာထွန်းကားလာတဲ့ ခေတ်ထဲမှာ ကျွန်မတို့ရဲ့ မီဒီယာဟာ ခေတ်နောက်ပြန်ဆွဲနေလို့ မဖြစ်တော့ပါဘူး။အရင်လို ပုံနှိပ်မီဒီယာတစ်မျိုးတည်းကိုသာ ဖတ်ရှုလို့ အဆင်မပြေနိုင်တော့တာမို့ ..နည်းပညာရဲ့ အကူနဲ့  အွန်လိုင်းမီဒီယာဟာ ပိုလို့နေရာရနိုင်ခဲ့ပြီဖြစ်ပါတယ်။ လူအများစုဟာ အလုပ်ထဲကြုံလို့  အင်တာနက်သုံးရင်းစာဖတ်လိုက်တာမျိုး..လူထု ဆိုက်တွေမှာ စာတွေတင်ကြတာမျိုးနဲ့ အွန်လိုင်းပေါ်မှာတင် စာပေဥယျာဉ်ကြီးတစ်ခု ဖြစ်ထွန်းနေပြီ မဟုတ်ပါလား။ သည်လိုခေတ်ကြီးထဲမှာ ပုံနိပ်မီဒီယာရဲ့ role ဟာကျဆင်းနေလို့တော့ မဖြစ်ပါဘူး။မြန်မာနိုင်ငံရဲ့ စာဖတ်နှုန်းဟာ အင်မတန်နည်းတာမို့  ဘယ်မီဒီယာကိုရွေးချယ်ပါစေ..စာဖတ်ဖြစ်ဖို့ကသာ အဓိက ရည်ရွယ်ချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အဆင်ပြေမယ့် မီဒီယာကိုရွေးချယ်ပြီး ရသစာပေပိုမိုဖွံ့ ဖြိုးရေးအတွက် အထူးရည်ရွယ်ကာ သည်လို ထူးခြားတဲ့ ပွဲလေးကိုစီစဉ်ဖြစ်ခဲ့ပါတယ်..။ဒါဟာ စကားရည်လုပွဲတစ်ခု မဟုတ်ပါဘူး။ မိမိမီဒီယာအတွက် ယုံကြည်စွာဆွေးနွေးခြင်းဟာ သူတစ်ပါးအာနည်းချက်ကို နင်းခြေတာမျိုးမဟုတ်ပဲ...မိမိတို့ရဲ့ အာသာချက် အားနည်းချက်များကိုကောင်းစွာသဘောပေါက် နားလည်ပြီး မီဒီယာလောကကို တစ်နည်းနည်းနဲ့ အကျိုးပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်..။
သည်ပွဲမှာ ပါဝင်ဆွေးနွေးမယ့် စာရေးဆရာ ဆရာမများဟာလည်း ဖူးငုံမှာ ပါဝင်ရေးသားခဲ့ဖူးသူများဖြစ်ပါတယ်..။ ပုံနှိပ်မီဒီယာဘက်မှာ ဆရာ ဝေမိုးနိုင်(မုံရွာ)၊ ဆရာမ နန်းကြာဖြူ(ဘားအံ)နဲ့ ဆရာမ ခင်ဆုမြတ်ထွန်းတို့က ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပြီး အွန်လိုင်းမီဒီယာဘက်မှာတော့ ဆရာနေဘုန်းလတ်၊ ဆရာမ မြသွေးနှီ၊ ဆရာ သူရဿဝါတို့ဆွေးနွေးပေးကြမှာဖြစ်ပါတယ်။ ဆရာမ ခင်သန္ထာကိုတော့ အားပြိုင်ဆွေးနွေးကြမယ့် စာရေးဆရာများနှင့်အတူ ပါဝင်ကူညီဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။ ပွဲချိန်အနေနဲ့ ၂၈ ဂျူလိုင် နေ့လည် ၂နာရီမှ ၄နာရီအထိ.ရွှေဂုံတိုင်က...တော်ဝင်နှင်းဆီ စားသောက်ဆိုင်ရဲ့ ခန်းမမှာ ကျင်းပပြုလုပ်သွားမှာမို့  စိတ်ဝင်စားသူမည်သူမဆို ၀င်ကြေးအခမဲ့ တက်ရောက်နိုင်ပါတယ်..။ ထူးခြားတာတစ်ခုက သည်ပွဲမှာ ပါဝင်ကူညီဆွေးနွေးကြဖို့  ပရိတ်သတ်များကိုပါ ခင်းကျင်းပေးမှာဖြစ်ပြီး ..ဆွေးနွေးသူတစ်ဦးချင်းစီအတွက် ဖူးငုံစာအုပ်လက်ဆောင်ချီးမြှင့်သွားမှာဖြစ်ပါတယ်။
လွတ်လပ်ပွင့်လင်းစွာနဲ့ မိမိရဲ့ အမြင်ကို ကျွန်မတို့တွေနဲ့ အတူတူမျှဝေနိုင်ဖို့ ..ရသစာပေထွန်းကားရေးနဲ့  ပြည်သူများအတွက် မိမိတို့နဲ့ အကိုက်ညီဆုံးမီဒီယာကို ရွေးချယ်ဖတ်ရှူနိုင်စေဖို့ ကျွန်မတို့ရဲ့ မီဒီယာအားပြိုင်ဆွေးနွေးပွဲလေးကို အရောက် တက်လှမ်းကြပါလို့ စာချစ်သူများကို ဖိတ်ခေါ်လိုက်ပါရစေ..။
အယ်ဒီတာ - မသီတာ(စမ်းချောင်း)၊ ဦးမျိုးမြင့်ညိမ်း
စီစဉ်သူ -လင်းစက်နွယ်
အချိန် - ၂၈.၇.၂၀၁၂ (စနေနေ့) နေ့လည် ၂မှ ၄ အထိ
နေရာ - တော်ဝင်နှင်းဆီ၊ ရွှေဂုံတိုင်၊ဗဟန်းမြို့ နယ်
ပါဝင်မည့်သူများ - ပုံနှိပ်မီဒီယာ - ဆရာဝေမိုးနိုင်(မုံရွာ)၊ ဆရာမ နန်းကြာဖြူ(ဘားအံ)၊ ဆရာမ ခင်ဆုမြတ်ထွန်း
အွန်လိုင်းမီဒီယာ- ဆရာနေဘုန်းလတ်၊ ဆရာမ မြသွေးနီ ၊ ဆရာ သူရဿဝါ
Thursday, 5 July 2012
Thursday, 12 January 2012
လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ
လွတ်လွတ်လပ်ချင်တယ်လို့ စဉ်းစားမိတဲ့အခါ မလွတ်လပ်တော့ဘူး။
မြေမှုန်လွင်
လွတ်လပ်တယ်ဆိုတာ တစ်နည်းအားဖြင့်တော့ သူတစ်ပါးကို အားကိုး နေခြင်းပါပဲ။ အထူးသဖြင့် အသိဥာဏ်ပိုင်းမှာ ကိုယ့်ကိုယ်ကို အားကိုးတယ်။ အဲဒီလွတ်လပ်မှုက လူတိုင်းရဲ့မွေးရာပါအခွင့်အရေးပါ။ လွတ်လပ်မှုဆိုတာကို ဘယ်သူကမှ ပေးလို့ မရပါဘူး။ ကိုယ့်ဟာကိုယ် ရအောင်လုပ်ရတာပါ။
ခင်သန္တာ
ဖြူစင်မှုတွေထမင်းရည်ပူ စီးသွားတာကိုသာလွန်မင်းတရားကြီးကလည်း
လျစ်လျူရှုလိုက်ရပြီ
ချိန်ခွင်တွေ ကမောက်ကမ ဖြစ်သွားတာကို
နှာစေးချင်ယောင် ဆောင်လိုက်ရပြီ
ဥသျှစ်သီး ကြွေတာကိုတောင်
ကမ္ဘာပျက်သလို အော်ဟစ်ခဲ့ရပြီ
လူတွေကို ဆေးကုနေရတဲ့ ကျွန်မ
ကိုယ့်အတ္တကိုယ် မေ့ဆေး မပေးနိုင်တော့ဘူး။လင်းစက်နွယ်(၂၀၁၁ ဇွန်လထုတ် ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း
နှစ်ဆယ့်တစ်ခုမြောက်အံဝှက် ကဗျာမှ)
ကျွန်တော်တို့တစ်တွေကြောင့်သာ ကျွန်တော်တို့ပတ်ဝန်းကျင်ဆိုတာ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖူးငုံတို့အနေနဲ့ ရာစုသစ်ရဲ့မျက်နှာစာတွေမှာ မေတ္တာပြည့်လျှမ်းတဲ့၊ ညီညွတ်မျှတတဲ့၊ လွတ်လပ်ဖွံ့ဖြိုးတဲ့ လူ့ဘောင်သစ်တစ်ခုကို ထူထောင်သွားကြဖို့ အထူးပဲ လိုအပ်ပါကြောင်း။မြန်မာလူမျိုးတွေက ကလေးကအစ လူကြီးအဆုံး အမှိုက်ပစ်ရမှာမရှက်ဘူး။ အမှိုက်ကောက်ရမှာသာ ရှက်တာ။ 'ထိရောက်စွာ အရေးယူမည်'ဆိုမှ စည်းကမ်းချက်တွေကို လိုက်နာကြမှာလား။ မိမိရဲ့ တစ်ကိုယ်ရည် အမူအကျင့်ကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ စည်းကမ်းမထုတ်ဘဲ ကောင်းအောင်နေကြရင် မကောင်းဘူး လား။
လင်းသိုက်ညွန့် ၊မြန်မာ့မြေ၊
(၂၀၀၉ သြဂုတ်လထုတ် ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း နာသောသူကို
ငါ့တူ ကြင်နာပြုစုပါက မြတ်ရာရောက်လိမ့် ဧကန်တည်း မှ)
ယုယ
(၂၀၁၁ ဇူလိုင်လထုတ် ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း ဒါတွေပြင် မှ)
ကိုယ်သည် စာရေးသူ ဖြစ်သည်။
အများသူငါက စာရေးသူများအား စာရေးဆရာဟု ခေါ်ဆိုကြသည်။ မည်သို့ပင်ဆိုစေ ကိုယ်သည် စာရေးသူ ဖြစ်သည်။ ကိုယ်သည် ခံစားမှုအား အားကိုးအားထားပြု၍ စာရေးခြင်းအတတ်ပညာနှင့် စာပေကို ရေးသည်။ ကိုယ်ရေးသော စာပေသည်ကိုယ့်အတွက် အနုပညာဖြစ်သည်။ ကိုယ်နှစ်သက်သော အနုပညာဖန်တီးခြင်းသည် ကိုယ်၏ အခွင့်အရေးနှင့် လွတ်လပ်ခြင်းအခွင့်အရေးနှင့် လွတ်လပ်ခြင်းအခွင့်အရေးနှင့် လွတ်လပ်ခြင်းအခွင့်အရေးနှင့် လွတ်လပ်ခြင်းအခွင့်အရေးနှင့် လွတ်လပ်ခြင်း ဖြစ်သည်။
ခံစားသူသည် သူတို့နှစ်သက်သော အနုပညာလက်ရာများကနှစ်သက်၍ သူတို့မနှစ်သက်သော အနုပညာလက်ရာများကို မနှစ်သက်ပေ။ အနုပညာလက်ရာတစ်ခုအား နှစ်သက်ခြင်း၊ မနှစ်သက်ခြင်းသည်ခံစားသူတို့၏ အကြောင်းကိစ္စဖြစ်၍ ခံစားသူတို့၏ အခွင့်အရေးနှင့် လွတ်လပ်ခြင်း ဖြစ်သည်။
စာရေးသော သူမှာ စာရေးသူသာ ဖြစ်သည်။
စာရေးဆရာဟု အသိအမှတ်ပြုခြင်း၊ မပြုခြင်းသည်ခံစားသူများနှင့်သာ သက်ဆိုင်၍ ခံစားသူများ၏လွတ်လပ်သော အခွင့်အရေး တစ်ခုဖြစ်သည်။ဟန်ဆန်း
သင့်အမြင်လေး မျှပေးပါ
၁။ ဒီလိုဆွေးနွေးပွဲတွေကို စိတ်ဝင်စားပါသလား
(က) ၀င်စားပါတယ် (ခ) မ၀င်စားပါ
၂။ ဒီဆွေးနွေးပွဲမှာ ဆွေးနွေးသွားတာအများစုကို
(က) သဘောကျပါတယ် (ခ) သဘောမကျပါ
၃။ လူငယ်တွေအတွက် ဒီလိုဆွေးနွေးပွဲတွေ ရှိတာ
(က) ကောင်းပါတယ် (ခ) မလိုအပ်ပါဘူး
၎။ လူငယ်တစ်ယောက်အနေနဲ့ ၀င်ဆွေးနွေးခွင့်ရတာကို
(က) သဘောကျပါတယ် (ခ) သဘောမကျပါ
၅။ နောင်ကို ဆွေးနွေးပွဲတွေမှာ
(က) ပါဝင်ချင်ပါတယ် (ခ) မပါဝင်ချင်ပါ
၆။ စာဖတ်ချင်စိတ်ကို ဒီဆွေးနွေးပွဲက
(က) ပေးနိုင်ခဲ့ပါတယ် (ခ) မပေးနိုင်ခဲ့ပါ
၇။ ဆွေးနွေးပွဲ တက်မယ့်အစား စာပေကိုပဲ လေ့လာတာက
(က) ပိုကောင်းပါတယ် (ခ) ပိုမကောင်းပါ
၈။ လူကြီးတွေရဲ့ဟောပြောပွဲထက် လူငယ်တွေရဲ့ဆွေးနွေးပွဲကို
(က) ပိုတက်ချင်ပါတယ် (ခ) သိပ်စိတ်မ၀င်စားပါ
၉။ စာပေဟောပြောပွဲတွေထက် ဒီလိုဆွေးနွေးပွဲက
(က) ပိုစိတ်ဝင်စားစရာကောင်းတယ်
(ခ) သိပ်စိတ်ဝင်စားရာ မကောင်းပါ
၁၀။ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးကို ဒီဆွေးနွေးပွဲ တက်ပြီးတော့
(က) ပိုသဘောပေါက်သွားတယ်
၁။ ဒီလိုဆွေးနွေးပွဲတွေကို စိတ်ဝင်စားပါသလား
(က) ၀င်စားပါတယ် (ခ) မ၀င်စားပါ
၂။ ဒီဆွေးနွေးပွဲမှာ ဆွေးနွေးသွားတာအများစုကို
(က) သဘောကျပါတယ် (ခ) သဘောမကျပါ
၃။ လူငယ်တွေအတွက် ဒီလိုဆွေးနွေးပွဲတွေ ရှိတာ
(က) ကောင်းပါတယ် (ခ) မလိုအပ်ပါဘူး
၎။ လူငယ်တစ်ယောက်အနေနဲ့ ၀င်ဆွေးနွေးခွင့်ရတာကို
(က) သဘောကျပါတယ် (ခ) သဘောမကျပါ
၅။ နောင်ကို ဆွေးနွေးပွဲတွေမှာ
(က) ပါဝင်ချင်ပါတယ် (ခ) မပါဝင်ချင်ပါ
၆။ စာဖတ်ချင်စိတ်ကို ဒီဆွေးနွေးပွဲက
(က) ပေးနိုင်ခဲ့ပါတယ် (ခ) မပေးနိုင်ခဲ့ပါ
၇။ ဆွေးနွေးပွဲ တက်မယ့်အစား စာပေကိုပဲ လေ့လာတာက
(က) ပိုကောင်းပါတယ် (ခ) ပိုမကောင်းပါ
၈။ လူကြီးတွေရဲ့ဟောပြောပွဲထက် လူငယ်တွေရဲ့ဆွေးနွေးပွဲကို
(က) ပိုတက်ချင်ပါတယ် (ခ) သိပ်စိတ်မ၀င်စားပါ
၉။ စာပေဟောပြောပွဲတွေထက် ဒီလိုဆွေးနွေးပွဲက
(က) ပိုစိတ်ဝင်စားစရာကောင်းတယ်
(ခ) သိပ်စိတ်ဝင်စားရာ မကောင်းပါ
၁၀။ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးကို ဒီဆွေးနွေးပွဲ တက်ပြီးတော့
(က) ပိုသဘောပေါက်သွားတယ်
(ခ) ပိုသဘောမပေါက်နိုင် ဖြစ်သွားတယ်
၁၁။ အနုပညာတွေထဲမှာ စာပေအနုပညာက အရေးပါကြောင်းဒီဆွေးနွေးပွဲကနေ
(က) သိလိုက်ရတယ်
(ခ) သတိတောင် မထားမိပါဘူး(က) သိလိုက်ရတယ်
လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ
စံတွေ မူဝါဒတွေကို ခေါင်းနဲ့ တိုက်တတ်ရုံဟာလွတ်လပ်မှု အစစ်အမှန် မဟုတ်ပါဘူး။ အစစ်အမှန်လွတ်လပ်မှုဆိုတာကိုယ့်ရင်ထဲကခံစားရသမျှကိုဘာကိုမှငဲ့ကွက်ညှာတာ ထောက်ထားမျှော်ကြည့်မှုမရှိဘဲ အရိုးသားဆုံးနဲ့ အပြောင်မြောက်ဆုံး ဖန်တီးနိုင်မှုဖြစ် တယ်ဆိုတာကိုလက်ခံမှလွတ်လပ်တဲ့ အနုပညာ သမားတွေ ဖြစ်ကြရမှာပါ။
စာပေဖန်တီးမှုမှာကိုယ့်ရင်ထဲကအမှန်တကယ်ရိုးရိုးသားသားယုံကြည်ခံစားတွေးတောနေတာကိုတစ်ဖက်သားနားလည်သဘောပေါက်အောင်ဖန်တီးရာမှာကိုယ့်ကိုယ်ကိုရိုးသားဖို့နဲ့အကောင်းဆုံးအရေးအသားကို
သုံးပြီးသူတစ်ပါးရဲ့နားလည်သဘောပေါက်မှုကိုရယူဖို့ကအခရာ ဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုစံတွေ၊လက်ခုပ်သံတွေကြားမှာချုပ်နှောင်ထားမယ်ဆိုရင်လွတ်လပ်တဲ့အနုပညာကိုဖန်တီးနိုင်မှာမဟုတ်ဘူး။
တစ်ဦးတစ်ယောက်၊တစ်စုတစ်ဖွဲ့ရဲ့လက်ခုပ်သံများအပါအ၀င် ပြောင်းဖူးရိုးများကိုပါထည့်မတွက်ဘဲအနုပညာတစ်ရပ်ကိုဖန်တီးနိုင်တဲ့လွတ်လပ်သူလို့ကိုယ့်ကိုယ်ကိုအမှန်တကယ်ခံယူထားကြမယ့် စာပေအနုပညာသမားများကို ကြိုဆိုလျက်ပါ။
ယနေ့အချိန်သည် မြန်မာနိုင်ငံအနေဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံသားများအတွက်လည်းကောင်း အလွန်အရေးကြီးသည့်ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလဖြစ်သည့်အားလျော်စွာအသွင်ကူး
ပြောင်းမှု ချောမွေ့ရေးနှင့် အချိန်ကာလတိုတောင်းရေးအတွက် မြန်မာနိုင်ငံသားတစ်ဦးချင်းတွင် တာဝန်ရှိသည်ဟု ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းမှ မြင်ပါသည်။
ဒီမိုကရေစီသည်ကျင့်သုံးရမည့်စနစ်တစ်ခုဖြစ်ပြီးပညာတတ်သော၊ပညာရှိသောလူ့အဖွဲ့အစည်းတွင်ပိုမိုထွန်းကားနိုင်ရာ လူငယ်များအားလုံးပညာကိုဦးထိပ်ထားနိုင်ကာမှလက်ရှိမြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးသည်ပိုမိုချောမွေ့နိုင်မည်ဟုလည်းဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းမှ ခံယူပါသည်။
ဖူးငုံလူငယ်များအားလုံးအတွက်ဗဟုသုတပညာသာမကဆင်ခြင်တုံတရားပညာလည်းရှိရန်လိုအပ်သည် ဖြစ်ရာ စာပေအနုပညာသည်ထိုပညာနှစ်မျိုးစလုံးအားအားဖြည့်ထောက်ကူ ပေးနိုင်သည့်လက်နက်ကောင်း တစ်ခုဖြစ်သည်ဟုလည်း ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းမှ ယုံကြည်ပါသည်။
ထိုအမြင်၊ထိုခံယူချက်၊ထိုယုံကြည်မှုများကိုအခြေခံကာနိုင်ငံတကာနှင့်ရင်ပေါင်တန်းရန်အာသာဆန္ဒပြင်း ပြနေသော ဖူးငုံလူငယ်များအတွက်နိုင်ငံတကာတွင်ကျင်းပလေ့ရှိသည့်ပုံစံများအတိုင်းစာပေဆွေးနွေးပွဲတစ်ခုကို ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း၏ကလောင်ရှင်များဖြစ်သောမျိုးဆက်သစ်စာရေးဆရာလူငယ်များဖြင့် အောက်ပါအတိုင်းစီစဉ်တင်ဆက်မည် ဖြစ်ပါသဖြင့်လူငယ်များအားလုံး၊စာဖတ်ပရိသတ်များအားလုံးကိုလှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာဆွေးနွေးပွဲ
နေ့ရက် ၁၅. ၁.၂၀၁၂(တနင်္ဂနွေန့)
အချိန်နေ့လယ် ၂း၀၀ မှ ၄း၀၀
နေရာ တော်ဝင်နှင်းဆီ၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်
“ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ ” ခေါင်းစဉ်“ teen Magazine” မှ ၁၅.၁.၂၀၁၂ နေ့လည် (၂)နာရီမှ ညနေ(၄)နာရီအထိ၊ တော်ဝင်နှင်းဆီခြံတွင် ကျင်းပပြုလုပ်မည့် teen Magazine၏ လူငယ် ကလောင်ရှင်များမှ ဦးဆောင်ဆွေးနွေးမည့် အနုပညာစာပေဆွေးနွေးပွဲသို့ လူငယ်များ၊ စာပေ ၀ါသနာရှင်များ၊ စာဖတ်ပရိသတ်များ မည်သူမဆို အခမဲ့ လွတ်လပ်စွာ တက်ရောက်နိုင်ကြောင်း လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လူငယ် စာရေးဆရာများဖြစ်သည့်မြေမှုန်လွင်၊ ခင်သန္တာ၊ လင်းစက်နွယ်၊ လင်းသိုက်ညွန့်၊ ယုယ၊ ဟန်ဆန်းတို့ရဲ့ လွတ်လပ်တဲ့၊ လတ်ဆတ်တဲ့ အတွေး၊ အမြင်များကို ကိုယ်တိုင်ကိုယ်ကျ သိမြင်နိုင်မယ့် အခွင့်အရေး…။ လူငယ်များ အားလုံး၊ စာဖတ်ပရိသတ်များ အားလုံးသို့ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လူငယ်များရဲ့ လတ်ဆတ်တဲ့ အတွေး၊ အမြင် ဖွင့်ဟမှု….။ လူငယ်များ အားလုံး၊ စာဖတ်ပရိသတ်များ အားလုံးသို့ ဖိတ်စာမလို၊ အခမဲ့တက်ရောက်နိုင်ပါကြောင်း လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
Teen Magazine
Subscribe to:
Posts (Atom)
.png)
.png)

















