Sunday 30 October 2011

ဆူးဒဏ်မဲ့ရွက်သစ်များ ဝေပါစေသား

''ချယ်ရီမြေတောင်တန်း ရှမ်းတို့မြေx x x မောပန်းလေးတွေ ပွင့်လို့ နေx x x ပျော်စရာဒီဌာနေx x x သွေးချင်းစုံတယ် ဆုံဆည်းရာx x x ပျော်ရွှင်ငြိမ်းချမ်းတဲ့မြေx x x မေတ္တာဂေဟာ အေးမြသာယာx x x''
''မောပန်းလေးများ လန်းရာမြေx x x အသည်းနှလုံးလေးများ ပြုံး ပျော်ရာမြေx x x ကချင်-မွန်-ကယား ပေါင်းစည်းကြရာx x x ပျော်ရွှင် ငြိမ်းချမ်းတဲ့မေx x x အများရဲ့ စေတနာဖူးပွင့်တဲ့ဌာနေx x x''
သူငယ်တော်ယေဇူး ဘုရားရှိခိုးကျောင်းဝင်း အုတ်တိုက်ဖြူခန်းမလေး ထဲမှ 'မေတ္တာဂေဟာ' တေးသံသည် ငြိမ့်ညောင်းသာယာစီးဆင်းပျံ့နှံ့နေလေ သည်။ 'မေတ္တာဂေဟာ' ကို သူတို့ သံပြိုင်ဆိုနေကြသည်။ သူတို့သံပြိုင်ဆို နေသည်ဆိုသော်လည်း အချို့က အသံတိတ်၊ အချို့က မပီမသ။ သို့သော် သူတို့အားလုံး သံပြိုင်ဆိုနေကြသည်ဟု အတာ ယုံကြည်သည်။ အတာ ကိုယ်၌က တစ်ခါမျှ မကြားဖူးခဲ့သော 'မေတ္တာဂေဟာ' ကို ရင်ထဲက သံပြိုင် လိုက်ဆိုနေမိမှတော့ သူတို့၊ သူတို့၊ သူတို့လေးတွေလည်း သံပြိုင်ဆိုနေကြ မည်ဟု အတာ အပြည့်အဝ ယုံသည်သည်။ အသံကောင်းသူ၊ အသံမပီမသ သာ ထွက်နိုင်သူ၊ အသံလုံးဝမထွက်နိုင်သူ သူတို့အားလုံးရင်ထဲမှာ 'မေတ္တာ ဂေဟာကို သံပြိုင်ပဲ့တင်ဆိုနေမည်ဟု အတာအပြည့်အဝယုံကြည်သည်။
''ချယ်ရီမြေတောင်တန်း ရှမ်းတို့မြေx x x မောပန်းလေးတွေ ပွင့်လို့ နေx x x''
သူတို့ 'မေတ္တာဂေဟာ' ကို ထပ်ကျော့နေကြသည်။ သူတို့မမောကြ။ သူတို့ မပန်းကြ။ သို့သော် သူတို့ကို ကြည့်နေမိသော အတာ မောနေသည်။ ပန်းနေသည်။ သူတို့အားလုံးကို အတာ မြင်နေရသည်။ အချို့ကြမ်းပြင်ပေါ် ထိုင်လျက်။ ပုဆစ်တုတ်တစ်မျိုး၊ ဆောင့်ကြောင့်တစ်ဖုံ၊ ခြေပစ်လက်ပစ် တစ်နည်း၊ တင်ပလ္လင်ခွေတစ်သွယ်။ အချို့ ကုလားထိုင်ပေါ်ထိုင်လျက်၊ ကျောမီတစ်ချို့၊ ရင်ကော့မတ်လို့ တစ်ဖုံ၊ ခွေနွဲ့ယိုင်ယိမ်းတစ်နည်း၊ လျော့ ရဲပျော့တွဲတစ်သွယ်၊ အချို့ ရပ်လျက်တိုင်မှီတစ်မျိုး၊ ခြေစုံဖြောင့်မတ်တစ် ဖုံ၊ နံရံမှိန်းကာတစ်နည်း၊ လက်ထောက်အားပြုတစ်သွယ်။ သူတို့အားလုံး ရှေ့မှာ ရှိနေသော အမျိုးအမည်ဖော်ပြမရသည့်ဝေဒနာကို ပွေ့ပိုက်ကာ ရပ်နေမိသော အတာ့ကိုဖြင့် သူတို့အားလုံးက မြင်မည်မဟုတ်ပါ။ အတာ့ ရှေ့ လက်တစ်ကမ်းက ကလေးငယ်၏ မျက်ဝန်းအစုံထဲမှ ဂွမ်းစတိမ်ဖြူ တို့သည် ကလေး၏သူငယ်အိမ်ကိုသာမက အမြင်အာရုံမြင်ကွင်းကိုပါ ကွယ် ဖုံးထားသည်ကို အတာမြင်လိုက်ရသဖြင့် သူတို့အားလုံး အတာ့ကို မမြင် နိုင်ဟု အတာသိလိုက်ရပြန်ပါသည်။
''သူလေးက ခြေမသန်ဘူးလေ... ပိုလီယိုပေါ့''
စစ္စတာက ပြောပြောဆိုဆို ကလေး၏ချိုင်းမှ မပြချိန်မှာတော့ အတာ့ လက်တွေသည် ကလေး၏ခြေထောက်ဆီ ရောက်သွားခဲ့ပြီ။ အတာ့ဦးနှောက် သည် အသားမျှင်တို့၏ တွန်းကန်အား၊ တင်းအား၊ ထိတွေ့အာရုံ တုံ့ပြန်မှု စသည့် ဝေးကွာဆဲ၊ ဝေးကွာခဲ့သော ဆေးရုံပေါ်မှ လုပ်ရိုးလုပ်စဉ်၊ တွေးရိုး တွေးစဉ်များဆီ ပြန်လည်သွားနေခဲ့သည်။ သို့သော် ဝေဒနာရှင်တို့အတွက် ခံစားရသော ဝမ်းနည်းကိုယ်ချင်းစာမှုဝေဒနာ၊ ဝေမျှခွဲခြမ်းမရနိုင်သော အချိန်နှင့် ရင်းနှီးမှုမရှိတော့သည့် ကျောင်းစာ၊ ဆေးရုံအတွေ့အကြုံတို့ ကြောင့် ကလေး၏ အခြေအနေအတွက် တစ်စုံတစ်ရာ ထင်မြင်ချက်မျှ မပေးနိုင်ခဲ့။
''ဖီဆီရိုသာရပီဏ့ငျငသအ့နမစေပ လုပ်ပေးရင် ကောင်းမယ်ထင်တယ်၊ လမ်းလျှောက်ကျင့်ပေးဘာပေးဆိုရင် ခြေထောက်တွေ သိမ်နေတာ မသိ သာတော့ဘူးပေါ့''
မမစုစကားကြောင့် စစ္စတာ မဆိုစလောက် ပြုံးလိုက်သည်။ စစ္စတာ့ ထံမှ အဖြေကို အတာမကြားလိုတော့။ တစ်နည်း ကြားဖို့ မလိုတော့။ ''အများရဲ့စေတနာ ဖူးပွင့်တဲ့ဌာန' ဆိုသည့် 'မေတ္တာဂေဟာ' စာသား။ တောင်ကြီး၊ ရေအေးကွင်းရပ်၏အစွန်းတောင်ပေါ်မှ မြေပြန့်ငယ်လေးတစ်ခု ဖြစ်သည့်နေရာမျိုးရှိ မိဘမဲ့ကလေးကျောင်း။ သည်အချက်နှစ်ရပ်သည်သာ အဖြေဟု အတာ ထင်သည်။
''ဆရာဝန်တစ်ယောက်တော့ တစ်လတစ်ခါလောက်တော့ လာကြည့် ပေးပါတယ်၊ သူကတော့ အသက်ကိုးနှစ်ရှိပြီ၊ မွေးရာပါ နှလုံးရောဂါသည် လေ...''
ကလေးက သုံးနှစ်သာသာအရွယ်မျှသာ။ ရင်ဘတ်ကလေး မို့မောက် နေပြီး မျက်လုံးပြူးဝိုင်းဝိုင်းလေးနှင့် ချစ်စရာ၊ သနားစရာ။
''ကလေး... ခဏခဏ ရင်ကြပ်တာ မောတာ ဖျားတာတွေဖြစ် လားဟင်''
''သင်းသင်း ဖြေလေ''
ကလေးက နှုတ်ဆိတ်နေသည်။ စစ္စတာကပင် ''မောတာတို့၊ ရင်ကြပ် တာတို့တော့ ခဏခဏဖြစ်တယ်'' ဟု ပြန်ဖြေသည်။ ကာလအတန်ကြာ အိပ်ပျော်နေခဲ့သော ဦးနှောက်သည် ဖဲလော့တ်၏ ရောဂါလေးမျိုးဗေဒွှနအမသူသါပ သ် င်္ေူသအ ဟူသော ဝေါဟာရကို မေ့လျော့နေခဲ့သော်လည်း ကလေးများတွင် ဖြစ်လေ့ရှိသော မွေးရာပါ နှလုံးရောဂါများထဲတွင် နှလုံး ၏နေရာလေးနေရာတွင် အနေအထားချို့ယွင်းနေသည့်ရောဂါများလားဟူ ၍တော့ စဉ်းစားတတ်သေးသည်။ ဟုတ်နေလျှင် သည်ကလေး၊ သင်းသင်း ခွဲစိတ်ကုသခံသင့်သည်။ ဟုတ်ပြီဆိုပါတော့။ ခွဲစိတ်ကုသခံဖို့၊ တောင်ကြီး ဆေးရုံပို့ပြီး ကလေးအထူးကုဆရာဝန်နှင့်ပြဖို့သာ ပြောခဲ့သည်။
''ဒီနှစ်ယောက်က အမြွှာလေ၊ အကြီးက သူ၊ ဟုတ်တယ်၊ မျက်လုံး ပါ မပါမသိရဘူး၊ မျက်ခွံက အဲဒီလိုပဲ ပိတ်နေတယ်၊ အငယ်ကတော့ ကောင်း ပါတယ်၊ ဟိုဘက်က ကလေးနှစ်ယောက်က မမြင်ဘူး၊ ညီအစ်ကိုရှစ်ယောက် ရှိတယ်၊ သုံးယောက်က ဒီမှာ၊ ကျန်ခဲ့တဲ့တစ်ယောက်ကလည်း ခုတလော သိပ်မမြင်ရဘူး၊ သူတို့မိသားစုမှာ ငါးယောက်ကျန်သေးတာပေါ့''
''အဲဒီ မိဘတွေက...''
''ဟိုပုံးဘက်မှာနေကြတယ်၊ သိပ်ဆင်းရဲရှာတယ်''
စစ္စတာက အတာမေးမည့်မေးခွန်းကို သိနှင့်နေကာ သက်သာရာ သက် သာကြောင်း ပြန်ဖြေလိုက်သော်လည်း အတာ့မှာ ရင်နင့်နုံ့ချည့်ဆဲပင်။ 'သိပ် ဆင်းရဲရှာတယ်' ။ 'ညီအစ်ကို ရှစ်ယောက်'။ 'သုံးယောက်က ဒီမှာ'။ 'နှစ် ယောက်က မမြင်ဘူး'။ 'ကျန်တဲ့တစ်ယောက်ကလည်း သိပ်မမြင်ရဘူး'။ စစ္စတာ့စကားတွေက အတာ့ဦးနှောက်ထဲမှာ ကဆုန်ပေါက်နှောင့်ယှက်နေ တော့သည်။ သူတို့လေးတွေဟာ မိဘမဲ့ကလေးတွေမဟုတ်ပါလား။ မိဘ စွန့်ကလေးတွေပါလား။ ဘောဂဗေဒချို့တဲ့ သည့်မိသားစု အသိုက်အမြုံတစ် ခုမှာ နေခွင့်မရကြရှာသည့်၊ စေတနာမေတ္တာ၊ အယုအယ၊ အပြုအစု၊ အေး အတူ ပူအမျှ ခံစားခွင့်နေခွင့်မရကြရရှာသည့် ကလေးသုံးယောက်။ တစ် ခါ သည်ကလေးတွေသည် ဤအေးအတူပူအမျှ မိဘရင်ခွင်မှ မခွဲခွာရသည့် ကလေးငါးယောက်လို မသန်စွမ်းကြ။ ကျန်းမာရေးမပြည့်စုံကြ။ ခုလို ကာယိက ချို့တဲ့ဒုက္ခတွေကြောင့်ပဲ မိဘစွန့်ကလေးများ ဘဝ ရောက် ခဲ့ကြခြင်းပေလား။ ကလေးတွေရယ်... ကလေးရဲ့မိဘတွေ ဘာကြောင့် ဆင်းရဲရသလဲ။ ကလေးတို့မမွေးခင်မှာ သူတို့ ဘာဖြစ်ခဲ့ကြသလဲ။ ဘာလုပ်ကြသလဲ။ ကလေး တို့ရော အလျင်ဘဝက ဘာတွေများလုပ်ခဲ့ကြသလဲ။ ခုဘဝမှာရော ကလေး တို့သိတတ်စအရွယ်မှာ ဘာတွေလုပ်ခဲ့ကြသလဲ။  ဘယ်လိုနေခဲ့ကြရသလဲ။
ဘယ်လိုအချိန်မှာ ဘယ်လိုပုံစံနဲ့ ကလေးတို့ ဒီကိုရောက်လာခဲ့ကြသလဲ၊ အမေးများစွာ၊ အတွေးများစွာကို မေးချင်မိ၊ တွေးနေမိသော်လည်း ဝမ်းနည်း ဆို့နင့်ရသဖြင့် မျက်ရည်အစိုင်အခဲသည် မျက်ဝန်းမှ အရည်ပျော်မကျဘဲ လည်ချောင်းဝတွင် တစ်ဆို့နေလေသောကြောင့် ဘာဆိုဘာမျှ ထပ်မဆို ဖြစ်ခဲ့တော့။
''ဒီတစ်ယောက်ကလည်း မျက်မမြင်ပဲ၊ သူကတော့ ထမင်းတွေ ဘာ တွေ ချက်တယ်၊ ကလေးလည်း ကူထိန်းတယ်''
''အို... သိပ်တော်တာပေါ၊ နေကောင်းတယ်နော်''
မမစုက အမြင်မဲ့အမျိုးသမီး၏လက်အစုံကို တထွေးတပွေ့ဆွဲယူရင်း ချီးကျူးနှုတ်ဆက်လိုက်သည်။
''ကောင်းပါတယ်... နေကောင်းလား မိတ်ဆွေ''
''အို... မိတ်ဆွေလို့ မပြောရဘူးလေ''
''အို... ခေါ်ပါစေ''
မိတ်ဆွေ။ မမစုနှင့်အတာ ခရီးများစွာအတူသွားခဲ့ကြဖူးပြီ။ မမစုကို အားလုံးသော ခရီးမိတ်ဆွေ၊ သားချင်း၊ လူတိုင်းသည် မမစု သို့မဟုတ် အန်တီစု သို့မဟုတ် စု။ သည်သို့ခေါ်ခဲ့ကြသည်။ ခု 'မိတ်ဆွေ' တဲ့။ စစ္စတာ အားတောင့်အားနာတားသည်ကို မမစုမှ မဟုတ် အတာလည်း ကန့်ကွက် ချင်သည်။ သည်အမြင်မဲ့မိတ်ဆွေသည် မမစုကို ဘယ်သူဘယ်ဝါရယ်လို့ သိသည်မဟုတ်။ သူသည် အားလုံးသောသူ့ကို ကြင်နာသူများကို 'မိတ်ဆွေ' ဟုခေါ်မည်။ အို...လှလိုက်တာ၊ ဆန်းလိုက်တာ၊ ရိုးလိုက်တာ။ 'မိတ်ဆွေ' မိတ်ဆွေရေ...။ မိတ်ဆွေမှာ ဘယ်သူဘယ်ဝါ ဘာကိုမှ သိစရာမလိုဘဲ မိတ်ဆွေတွေအများကြီးရှိနေမှာပဲနော်။ အေးချမ်းလိုက်တာ မိတ်ဆွေ။
''သူတို့ကလည်း ကလေးဝိုင်းထိန်းကြ၊ ထမင်းဟင်းကူချက်ကြတယ် လေ''
အမျိုးသမီးနှစ်ယောက်မှာ တစ်ယောက်က ကျောရိုးအနေအထား ပုံ မှန်မဟုတ်သဖြင့် ခါးကုန်းနေသည့် အသွင်နှင့်။ နှစ်ယောက်လုံးက ပြုံးပြုံး ရွှင်ရွှင် ရယ်ရယ်မောမော။
''သူကလည်း ဟိုပုံးဘက်ကပဲ၊ ခြေထောက်နဲ့ထင်းတွေဘာတွေခွဲတယ်''
အမျိုးသားက အတော်လေး ထွားကြိုင်းသည်။ သို့သော် လက်မောင်း လက်ဖျံအဆစ်များ တိုလွန်းနေသည်။
''ဟိုငယ်ငယ်က အမေပြောတာကြားဖူးလားဟင်၊ ကိုယ်ဝန်နဲ့တုန်းက ဆေးပြင်းပြင်းတွေ ဘာတွေသောက်ဖူး တယ်လို့''
''အတာကွှ့ေူငိသာငိန သာလီဒိုဗိုက်စားလို့ထင်တာလား''
ကာယကံရှင်က ခေါင်းသာခါပြသည်။ အင်းလေ... မဖြစ်နိုင်ပါဘူး၊ သည်လိုဆေးမျိုးကို သည်လိုဒေသမျိုးမှာ သုံးကြမှာ မဟုတ်ပါဘူး။
''သူ့အဖေက ငယ်ငယ်ကတည်းက ဆုံးတယ်လေ၊ အမေကတော့ ငှက် ဖျားပိုး ဦးနှောက်ထဲရောက်ပြီး ရူးသွားရှာတယ်၊ သူကတော့ ဘာမှမဖြစ်ဖူး''
''အို...''
အတာ့ရှေ့မှာ စစ္စတာညွှန်ပြနေသည့်ကလေးငယ်က ပီဘိချစ်ဖွယ်၊ သနပ်ခါးရည်ကြဲလိမ်းထား သည့်မျက်နှာလေးမှာ ဝိုင်းစက်ရွှန်းပ။ သြော်... ကလေးမှာ ကာယဒုက္ခဘာဆိုဘာမျှ မရှိပြန်တော့လည်း ကလေးရဲ့မိဘတွေ မှာတော့ ကြီးမားလှတဲ့ ကာယိကဒုက္ခတွေ။ သည်လိုနဲ့ ကလေးဟာ မိဘမဲ့ ကလေး ဖြစ်ခဲ့ရပြန်ပြီ။
''သူကတော့ စိတ်က သိပ်မကောင်းလှဘူး၊ အရွယ်နဲ့မမျှတာမျိုးပေါ့''
စိတ္တဒုက္ခ။ ခုနက ကလေးနဲ့ပြောင်းပြန်ပါလား။ မိဘတွေက ကာယ၊ စိတ္တ ပကတိအကောင်း။ ကလေးကျမှ စိတ္တဒုက္ခနှင့်။ သြော်... ကလေး လည်း ဘယ်လိုပဲဖြစ်ဖြစ် မိဘမဲကလေးကျောင်းမှာ မိဘစွန့်ကလေး တစ် ယောက်အဖြစ်နှင့်သာ...။
''သြော်... သူက မျက်မမြင်ပဲလေ၊ ဒါပေမဲ့ သူက ဂစ်တာတီး သိပ် ကောင်းတာ၊ သီချင်းဆိုလည်း သိပ်ကောင်းတာပဲ၊ အခု သူ့ဘဝအကြောင်း တဲ့၊ သူ့ဘာသာစပ်ထားတဲ့သီချင်း ဆိုပြမလို့တဲ့''
ခေါက်ကုလားထိုင်ပေါ်မှာ ခေါင်းအတွင်ငုံ့လို့ ဟော်လိုဂစ်တာတစ်လုံး ရင်ခွင်ပိုက်ပြီး ထိုင်နေသည့် အတာတို့အရွယ် အမျိုးသားငယ်တစ်ယောက်။
ဂစ်တာကြိုးတွေ စတင်လှုပ်ရှားလာသည်။ နောက် တိုးသက်ညင်သာ သော်လည်း သေးငယ်ရှတသည့် အသံက တုန်ယင်စူးနစ်စွာ...။
''ဒီကမ္ဘာ ဒီလောကမှာx x x လျှောက်ခဲ့ပြီx x x အဆင်ပြေလာ ဘဝပေးရာx x x တွေးစိတ်ကိုရည်x x x ညီအစ်ကိုတွေ မိဘတွေx x x ဝေးရလေပြီx x x လောကမှာx x x သောကဖြာပါလို့ရည်x x x
အိုx x x ဖေဖေရေx x x ဘယ်ကိုသွားလဲx x x ဖေဖေ့မျက်နှာx x  မြင်ချင်သေးတယ်x x x အိုx x x မေမေရေx x x ပြန်လာခဲ့တော့x x x စာပါးတဲ့အခါx x x ရင်မှာစိတ်ထွေx x x
ဒီကမ္ဘာပေါ် အမိုးအောက်ဝယ်x x x မေ့ပျောက်နေသူx x x လူတ ကာကို မိဘနှယ်x x x သားမျက်နှာထားx x x ဒါတွေကို တွေးမိရင်x x x ပါးမျက်ရည်စီးx x x အဖြစ်ဆိုးတဲ့ကျွန်တော့်ဘဝဟာx x x အခါခါ အားငယ်x x x
အိုx x x ဖေဖေရေx x x ဘယ်ကိုသွားလဲx x x ဖေဖေ့မျက်နှာx x  မြင်ချင်သေးတယ်x x x အိုx x x မေမေရေx x x ပြန်လာခဲ့တော့x x x စာပါးတဲ့အခါx x x ရင်မှာစိတ်ထွေx x x
တားဆီးမြိုသိပ်နိုင်စွမ်းမရှိတော့။ မျက်ရည်ကြည်တို့သည် ပါးပြင်ထက် မှာ လူးလှိမ့်ငိုကြွေး ကုန်ကြပြီ။ နှုတ်ခမ်းအစုံသည် တုန်ယင်နေလင့်ကစား အသံကို မပြုအားတော့။ မသိချင်တော့ပြီ။ 'ဖေဖေရေ ဘယ်ကိုသွားလဲ'၊ 'မေမေရေ ပြန်လာခဲ့တော့'၊ 'ဒီကမ္ဘာပေါ်အမိုးအောက်ဝယ် မေ့ပျောက်နေ သူ'၊ 'လူတကာကို မိဘနှယ် သားမျက်နှာထား' ။ မေးမြန်းစပ်စုခြင်းဖြင့် ထပ်မံပိုက်ဝမ်းနည်းကြေကွဲမှုများကို မဖန်တီးလိုတော့။ ပြည့်စုံနေပါပြီ။ 'မိဘ မဲ့ကလေးကျောင်းမှ မိဘစွန်းကလေး'။
''အတာ မှောင်ခါနီးပြီ လှူခဲ့ပြီးရင် ပြန်ကြရအောင်နော်''
မမစုက ရှိုက်သံသဲ့သဲ့စွက်ရင်း ပြောလာသည်။ စာနာကြေကွဲဆို့နင့် ရမှုဒဏ်ကို အတာတို့ခံနိုင်ရည်မရှိခဲ့။
ခေါင်းကို အသာညိတ်လိုက်သည်။ ခန်းမရှေ့ဘက်ဆိကို ကလေးတွေ ကြားမှ ဖြတ်လျှောက်လာခဲ့သည်။ ကလေးတွေ၊ မိဘမဲ့ကလေးတွေ၊ မိဘစွန့် ကလေးတေါ၊ မိဘမှ ကာယဒုက္ခ၊ စိတ္တဒုက္ခတွေနှင့်မို့ မိဘမဲ့ကလေးဘဝ ရောက်ရသည့်ကလေးတွေ။ အပြစ်တစ်စုံတစ်ရာ ကျူးလွန်ထားသည်မဟုတ် ဘဲ တနင့်တပိုး မိတဆိုး၊ ဖတဆိုး မိဘမေတ္တာရင်ငွေ့ပင် မလှုံရသည်ထိ ဒဏ်ခတ်ခံရသည့်ကလေးတွေ။ တစ်ခါ မိဘနှစ်ပါး၏လူမှုရေးပြဿနာ၊ ပဋိ ပက္ခတို့ကြောင့် ပရိဝေဒ၊ လူမှုရေးသိမ်ငယ်မှုတွေနှင့် ရင်ဆိုင်နေရသည့် ကလေးတွေ။ တစ်ဖန် ဘဝ ဘဝက အကုသိုလ်ကံကြောင့်ဖြစ်စေ၊ မိဘတို့ မှ မထင်မှတ် တိုက်ဆိုင်စွာသော်လည်းကောင်း၊ သိသာထင်ရှားစွာသော် လည်းကောင်း ဖြစ်စေ၊ ရောဂါဘယ ကာယဒုက္ခ၊ စိတ္တဒုက္ခများနှင့် လူရယ် လို့ ဖြစ်လာရသည့်အခါ မိမိ၏မိဘများမှပင် တာဝန်ယူယုယပြုစုမေတ္တာ ထားနိုင်စွမ်းမရှိသဖြင့် မဟာကရုဏာရှင်တို့၏ရင်ငွေ့ကိုလှုံကာ လူတကာ ကို မိဘနှယ်သဘောထားကြီးပြင်းရှင်သန်အောင်ကြိုးစားနေရသည့် ကလေး တွေ။
အတာ ကလေးတွေအတွက် ဆို့နင့်ဝမ်းနည်းနေမိသည်။ သူတို့လေး တွေသည် သူတို့ကိုယ်တိုင်ကသော်လည်းကောင်း၊ သူတို့မိဘတွေကသော် လည်းကောင်း ကာယဒုက္ခ၊ စိတ္တဒုက္ခတွေ ကြုံတွေ့လာရသည့်အခါမျိုးမှာ တာဝန်ယူသူမဲ့ဘဝကို သူတို့ကလေးတွေကပဲ ခံစားကြရလေသည်။ 'ဖက် ပေါ်ဆူးကျလည်း ဖက်ပေါက်၊ ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်'ဟု ဆို ကြသည်။ ခုကဖြင့် ဆူးတွေကသာ ဖက်ပေါ်ကို တဖောက်ဖောက် ကျလာ ခဲ့ကြသည်။ ဖက်သည် ပကတိအငြိမ်။ ကလေးတွေသည် ပကတိ အပြစ် ကင်းစင်စွာ။ သူတို့မိဘတွေ ဒုက္ခရောက်အောင်သော်လည်းကောင်း၊ သူတို့ ကိုယ်တိုင် ဒုက္ခဝေဒနာကို ခံစားရအောင်သော်လည်းကောင်း သူတို့ မည် သည့်ပြစ်မှုတစ်စုံတစ်ရာကိုမျှ မကျူးလွန်ခဲ့ကြ။ သို့တိုင် ဆူးတွေသည် ...။ မိဘတို့၏ ကာယ၊ စိတ္တဒုက္ခ၊ လူမှုရေးပြဿနာ၊ ပဋိပက္ခတို့သည်... ။ သူတို့ဘဝတွေ...။ ဖက်ပေါက်သည့်တိုင်... 'အများရဲ့စေတနာ ဖူးပွင့် တဲ့ဌာနေ' ဆိုသည့်နေရာမျိုးသာမရှိလျှင် မတွေးရဲလောက်မည့်အာမခံချက် လုံးဝကင်းမဲ့သည့် လေလွင့်ဘဝတိုင်...။
''ကျေးဇူးတင်တယ် အို...အဆွေရယ်x x x ကျေးဇူးတင်ပါတယ်x x x စောင့်ရှောက်လေရာ ဆွေသဟာများx x x သက်ရောက်ကြပါစေx x x လိုအင်ပြည့်လို့ ကိုယ်စိတ်ကျန်းမာx x x ဖြောင့်မတ်ကြလို့ရယ်x x x တို့များဆုမွန်တောင်းချွေပါတယ်x x x နောင်ခါနေ့တွေမှာလည်းx x x ခုလိုပဲx x x ဆုံတွေ့ကြဖို့ရယ်x x x ဆုတောင်းမိပါတယ်''
ဓမ္မတေးသံအလိုက်အတိုင်း ကလေးတို့၏အသံသည် အေးချမ်းတည် ငြိမ်စွာ ထွက်ပေါ်လာသည်။ သူတို့နှုတ်ဆက်နေကြပြီ။ 'လိုအင်ပြည့်လို့ ကိုယ်စိတ်ကျန်းမာ ဖြောင့်မတ်ကြလို့ရယ်x x x တို့များဆုမွန်တောင်းချွေ ပါတယ်' တဲ့။ သူတို့ရဲ့ဆုမွန်။ သြော်... သူတို့ဟာ အများရဲ့စေတနာ၊ အများရဲ့မေတ္တာတွေကြောင့် အများအပေါ်မှာ မေတ္တာပွားနိုင်ကြသူတွေ ပါလား။
''ပြန်လာခဲ့နော်... မျှော်နေမယ်... ကြုံရင်ပြန်လာပါနော်''
ဆည်းဆာနေခြည်သည် တောင်တန်းမှိုင်းညို့ကိုဖြတ်၍ သည်အရပ် ရှိရာ အရောက်လာပြီး နွေးထွေးစေသည့် နည်းတူ ခါးကုန်းနှင့်အမျိုးသမီး ၏ တောင်းဆိုစကားနှင့် လက်ဖျားဆုပ်နယ်အထိအတွေ့တို့သည် အတာ့ ကို နွေးထွေးပွေ့ပိုက်တုန်ခါစေခဲ့သည်။
အခိုင်အမာ ကတိစကားကို လျှာဖျားမက နှလုံးသားကပါ လှိုက်လှဲစွာ ဆိုဖြစ်ခဲ့သည်။ ''နောင်ခါနေ့တွေမှာလည်း ခုလိုပဲ ဆုံတွေ့ကြဖို့ရယ် ဆု တောင်းမိတယ်'' တဲ့။
အတာ့အနေနှင့်လည်း ဆုတောင်းတစ်ခုကို ကမ္ဘာဆုံးတိုင် တောင်းဆို ချင်မိသည်။ သည်ဆုတောင်းကတော့...
''မိမိက မကျူးလွန်တဲ့အမှုတစ်ခုအတွက် မထိုက်တန်တဲ့ အပြစ်များ စွာ ခံစားကြရတဲ့ မိဘမဲ့၊ မိဘစွန့်ကလေးတွေလို အဖြစ်မျိုး ဘယ်သူမှ မ ရောက်ကြပါစေနဲ့။ မကျူးလွန်တဲ့ အမှုတစ်ခုအတွက် မထိုက်တန်တဲ့အပြစ် များစွာ ခံစားကြရတဲ့ မိဘမဲ့၊ မိဘစွန့်ကလေးတွေလိုအဖြစ်မျိုး ဘယ်သူမှ မရောက်ကြပါစေနဲ့...။ မကျူးလွန်တဲ့အမှုအတွက် မထိုက်တန်တဲ့အပြစ် တွေ မခံစားကြရပါစေနဲ့....' ဟု။
မသီတာ(စမ်းချောင်း)
(၁၃၊ ၂၊ ၈၉ နေ့။ ဘုရားဖြူမှ သွေးချင်းများသို့ ကရုဏာအမှတ်တရ)

No comments:

Post a Comment